စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 16, 2012

ထိုင်းမြန်မာနယ်စပ် နို့ဘိုး ဒုက္ခသည်စခန်းမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရရေး အတွက် ဒုက္ခသည် ဦးရေ ၃ ရာလောက် နို့ဘိုးစခန်းတွင်းက UNHCR ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာရုံး ရှေ့မှာ ဒီကနေ့ ဒုတိယအကြိမ် ဆန္ဒပြ




ထိုင်းမြန်မာနယ်စပ် နို့ဘိုး ဒုက္ခသည်စခန်းမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရရေး အတွက် ဒုက္ခသည် ဦးရေ ၃ ရာလောက်
နို့ဘိုးစခန်းတွင်းက UNHCR ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာရုံး ရှေ့မှာ ဒီကနေ့ ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြပါတယ်။

UNHCR တာဝန်ခံတွေ ဒီကနေ့ စခန်းတွင်းကို ရောက်ရှိနေချိန်မှာ အခုလို စုရုံး ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတွေထဲက ဘုန်းတော်ကြီး ဦးဝါယမိန္ဒ အပါအဝင် ကိုယ်စားလှယ် (၃) ဦးကို UNHCR တာဝန်ရှိသူတွေက
တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

နို့ဘိုးစခန်းမှာ ဒီ့မတိုင်ခင် ကတည်းက ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရပြီးသူတွေ၊ ထိုင်းအစိုးရက ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ထားသူတွေ၊ Pre လို့ခေါ်တဲ့ ဒုက္ခသည်အဖြစ် ယာယီ အသိအမှတ်ပြု ခံရသူတွေနဲ့ အသိအမှတ်ပြု မခံရသေးသူတွေ ဆိုပြီး ဒုက္ခသည် (၄) မျိုး ရှိနေတယ်လို့ သိရပါတယ်။

ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ဒုက္ခသည် အသိအမှတ်ပြု လုပ်ငန်းစဉ်ကို ၂ဝဝ၆ ခုနှစ်ကတည်းက ရပ်ဆိုင်းထားတဲ့အတွက် ဒီဒုက္ခသည်တွေ အားလုံးရဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့အပေါ်
တောင်းဆို တာပါလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

နို့ဖိုး ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ဧပြီလ (၂၅) ရက်နေ့ကလည်း ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရရေးအတွက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese

0 comments: