စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, February 25, 2013

နိုင်ငံရေးသမားဆိုပြီး ရင်ကော့ထွက်လာမည့် မျိုးဆက်သစ်လူငယ်များကို မျှော်လင့်လျက်ရှိ

 နိုင်ငံရဲ့ အနာဂတ်အတွက် မိမိကိုယ်ကို နိုင်ငံရေးသမား ဟုဆိုကာ ရင်ကော့ထွက်လာမည့် မျိုးဆက်သစ် လူငယ် များကို မျှော်လင့်လျက်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီးက ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီ၌ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကျင်းပ ပြုလုပ်သော စာပေဟောပြောပွဲတွင် ပြောကြားသည်။ “နိုင်ငံရေးသမားဆိုတဲ့ နိုင်ငံရေးကျွမ်းကျင်သူတွေ လေးလေး နက်နက် စဉ်းစားဖို့ လိုပါတယ်။ အထူးသဖြင့် တာဝန်အကြီးကြီး တွေ ယူထားရတဲ့ နိုင်ငံရေးသမားတစ်ယောက် မှားရင် သန်း ၆၀ လုံးရဲ့ ဘဝတွေ ဒုက္ခရောက်သွားနိုင်တယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

 မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပြဿနာမှာ မိမိကိုယ်ကို နိုင်ငံရေး သမားဟု ရဲရဲဝံ့ဝံ့ မပြောရဲခြင်းပင် ဖြစ်ကြောင်း။ ပါတီစုံဒီမိုကရေစီ၊ ဈေးကွက်စီးပွားရေး လမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုသော် လည်း ယင်းတို့မှာ အစစ်အမှန် မဟုတ်သေးကြောင်း။ မြန်မာပြည်၏ ဆင်းရဲချမ်းသာ ကွာဟမှုသည် သာမန်ပြဿနာ မဟုတ်ဘဲ ကြီးထွား သည်ထက် ကြီးထွားလာနေပြီဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ “ကျွန်တော်တို့ ဘဝတွေဟာ မရေမရာနဲ့ပါ။ ဒါပေမယ့် နား၊ မျက်စိတွေကို ဖွင့်ထားဖို့လိုတယ်။ ဒါကြောင့်လည်း အစိုးရထားခဲ့တဲ့ ပုံစံခွက်တွေသာ ပြောင်းချင် ပြောင်းသွားမယ်။ ကျောင်းသားတွေရဲ့ ပုံစံခွက်ဟာ ဘယ်တော့မှ မပြောင်းလဲဘူး။ ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်ပဲ ဖြစ်တယ်။ ကျောင်းသားရှိရင် ကျောင်း သားလွှတ်တော်ဟာ ရှိကို ရှိရမယ်” ဟု ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားသည်။

တိုင်းပြည်ကို ခေါင်းဆောင်မည့် လူငယ်များအနေဖြင့် အတွေ့ အကြုံများကို မျှဝေပြီး ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချစေချင်ကြောင်း၊ ကွဲပြားတက်သည့် ပတ်ဝန်းကျင်ကို မြင်အောင်ကြည့်၍ လူငယ် အားလုံး ပူးပေါင်းလုပ်ဆောင်နိုင်မည့် ဝန်းကျင်တစ်ခုကို ဖန်တီးရန် လိုအပ်ကြောင်း၊ လူကြီးများအနေဖြင့် ငယ်ရွယ်သည့် လူငယ်များကို ဆုံးဖြတ်ခွင့်၊ လုပ်ပိုင်ခွင့်များ အပြည့်အဝ ပေးအပ်ရန် လိုအပ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။ “သန်း ၆၀ လုံးကို ရုန်းထဖို့ သူတို့ရဲ့ ကံကြမ္မာကို ဖန်တီးပေးဖို့ဆိုရင် ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားတွေ ရှိနေဖို့ လိုတယ်။ အလုပ်အကိုင် ဆိုတဲ့ နေရာမှာ နိုင်ငံရေးသမားလို့ ရင်ကော့ပြီး ပြောနိုင်တဲ့ လူငယ်တွေ ပေါ်ထွက်လာဖို့ လိုအပ်တယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

လူငယ်များအတွက် ဖွဲ့စည်းထားသော ကျောင်းသားသမဂ္ဂကို လူငယ်များ ကြားတွင်ပိုမိုပျံ့နှံ့စေလိုကြောင်း၊ ကျောင်းသားသမဂ္ဂဆိုသည်မှာ ကျောင်းသားများ၏ အကျိုးကို ဆောင်ရွက်ပေးသည့် အဖွဲ့အစည်း ဖြစ်ပြီး လူငယ်များ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း၊ လူငယ်များ၏ ယုံကြည်ချက်၊ ရည်မှန်းချက်၊ ခံယူချက်များ အတိုင်း လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်းတက္ကသိုလ်ကျောင်း သားများ သမဂ္ဂကိုယ်စား ရေကြောင်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂမှ ကိုနေမျိုးဆက်လူက ပြောကြားသည်။

ရည်မွန်
The Myanma Age

2 comments:

(၈၈) ဆိုပြီးနံမည်တပ်လုပ်စားလာကြတဲ.လူတွေ ၊ နိင်ငံရေးသမားတွေ ခင်ဗျားတို. တကယ်အရည်အချင်းရှိရင် ကိုယ်တိုင် သီးသန်.ပါတီထောင်ပြီး ကိုယ်ပိုင်နံမည်နဲ.လှုပ်ရှားသင်.ပါပြီ ၊အခုလိုအမည်ခံ ခုတုံးလုပ်တဲ.နိင်ငံရေးနည်းတွေဟာ ခင်ဗျားတို. တဖွဲ.လုံးကို လူငယ်တွေ အထင်ကြီးလေးစားမှု ကင်းမဲ.စေနိင်သလို ၊ အားလုံး လူတန်းစားမျိုးစုံပါဝင်လှုပ်ရှားခဲ.တဲ. အရေးတော်ပုံကြီးကိုလည်း မှေးမိန်စေပါတယ်ခင်ဗျားတိုဘာဖြစ်လို.( ၈၈ ) ဆိုတဲ. နံမည်မသုံးဘဲ ကိုယ်ပိုင် နိင်ငံရေး သီးသန်. မလုပ်ရဲတာလည်း ပြည်သူလူထုက ခင်ဗျားတို.တကယ် လူထုအကျိုး သယ်ပိုးနိင်ရင် ထောက်ခံမှာပါ မကြောက်ပါနဲ. ၊ လူငယ်တွေ အသိဥာဏ် ရှိပါတယ်ကျေးဇူးပြုပြီး ခင်ဗျားတို.အသုံးပြုနေတဲ. ( ၈၈ ) မျိုးဆက်၊ ကျောင်းသားခေါင်းဆောင်၊ ဆိုတဲ. နံမည်ခံတွေကို ရပ်တန်းကရပ်ပြီး ၊ ဆက် အသုံးမချသင်.တော.ဘူးလို.ကျွန်တော် တို.လူငယ် မျိုးဆက်သစ်တွေကအကြံပြုချင်ပါတယ်။