စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, February 1, 2013

လှိုင်သာယာမြို့နယ် အောင်ဇေယျတံထားအဆင်း ပီမိုးနင်းလမ်းမကြီးနံဘေး ရှိ Star Light ကုမ္ပဏီပိုင်မြေတွင် ဖေဖော်ဝါရီ ၁ ရက်ညပိုင်းကစတင်ကာ လူအုပ်စုလိုက်မြေနေယာဝင်ရောက်ဦးယူမြေကွက်ရိုက်မှုများဖြစ်ပွားလျက်ရှိ..

လှိုင်သာယာမြို့နယ် အောင်ဇေယျတံထားအဆင်း ပီမိုးနင်းလမ်းမကြီးနံဘေး ရှိ Star Light ကုမ္ပဏီပိုင်မြေတွင် ဖေဖော်ဝါရီ ၁ ရက်ညပိုင်းကစတင်ကာ လူအုပ်စုလိုက်မြေနေယာဝင်ရောက်ဦးယူမြေကွက်ရိုက်မှုများဖြစ်ပွားလျက်ရှိရာ ယနေ့ညနေပိုင်းအထိ သက်ဆိုင်ရာကုမ္ပဏီဝန်ထမ်းများနှင့် မြေလာရောက်ဦးယူသူများကြား ပြသာကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း ယင်းနေရာသို့သွားရောက်သတင်းယူနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

 မြေဦးသူများက ကိုယ့်သဘောနှင့်ကိုယ် တဲတစ်ကွက်စာ ၀ါးတိုင်များစိုက်ထူကာ ကြိုးများသွယ်တန်းနေရာယူထားခြင်းဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းများက ၀ါးတိုင်းများကိုပြန်စွဲနှုတ်သဖြင့် အပြန်အလှန်အညင်းပွားနေခြင်းဖြစ်သည်။

"ခုလေးပဲ ဓားတွေနဲ့ထခုတ်ကြတယ်။ လူတွေလည်းရုတ်ရုတ်ဖြစ်နေယ်။ ရဲတွေတော့ထပ်ရောက်လာပြီ။ ရဲတွေစည်ပင်တွေကတော့ရပ်ကြည့်နေတာပဲ" ဟု 7 Day သတင်းထောက်ကပြောသည်။

 မြေနေရာလာဦးနေသူများအားမေးမြန်းရာတွင် "မနေ့ညတုန်းက လိုင်းခန်းတွေဘက်မှာသတင်းကြားလို့ တစ်နေရာလောက်ရမလားလာယူကြတာ။

ဒီနေရာမှာဘယ်သူလာစဦးလဲဆိုတာမသိဘူး။ အကွက်ကလည်းကိုယ်တွေအဆင်ပြေသလိုပဲရိုက်လိုက်ကြတာလေ။ ခဏလောက်ဖြစ်ဖြစ်ဒီမှာတဲထိုးနေရရင် အိမ်လခများသက်သာမလားလို့" ဟု ဆိုသည်။

ဓာတ်ပုံ- ငြိမ်းငြိမ်းနိုင်

0 comments: