စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 18, 2012

လာပြန်ပြီ တထောင်တန် အမှု


ဇန်န၀ါရီလက သံဖြူဇရပ်မြို့နယ်မှာ အရက်ဆိုင်ပိုင်ရှင်တယောက်ကို ဖမ်းလိုက်ပါတယ်၊ လိုင်စင် မရှိဘဲ ဘီယာရောင်းလို့ ဖမ်းတာပါ တဲ့။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကျော်ခိုင်က ဥပဒေရုံးကို အကြောင်းကြားတဲ့စာမှာ ဖော်ပြထားတာပါ။
ဝီစကီ ၁၁ ပုလင်းနဲ့ လက်သုံးလုံး၊ မဖွင့်ရသေးတဲ့ စည်ဘီယာ ၁၂ လုံး၊ သံဘူးဘီယာ ၃၈ ဘူး စသဖြင့် ကျပ်သိန်း ၂၀ ၀န်းကျင် တန်ဘိုးရှိတဲ့ ယမကာတွေကို သက်သေအဖြစ် သိမ်းပြီး တရားစွဲပါတယ် တဲ့။

တရားရုံးက ဆိုင်ရှင်ကို ဒဏ်ငွေ တထောင် ဆောင်ဖို့၊ မဆောင်နိုင်ရင် ထောင်ထဲ တလ သွားနေဖို့ စီရင်ချက် ချလိုက်တယ်လို့ ဆိုတယ်။
ဦးရဲကျော်ခိုင်ကတော့ တရားရုံးဟာ "ဟန့်တားလောက်သောပြစ်ဒဏ် ချမှတ်ခဲ့ခြင်းမရှိ" ဆိုပြီး မှတ်ချက် ပြုထားပါတယ်။

ကျပ်တထောင် ဆိုတာ ဘီယာတဘူးဖိုးတောင် မရှိ ဆိုပဲ။

"ဟန့်တားလောက်သော အပြစ်ဒဏ် ပြန်လည် ချမှတ်" ဖို့ အကြောင်းကြားတဲ့စာမှာ နိဂုံးချုပ် ရေးထားပါတယ်။

လိုင်စင်မရှိဘဲ ယမကာရောင်းတဲ့အတွက် အခွန်တွေဘာတွေ မရတာကြောင့် နိုင်ငံတော်က နစ်နာပါတယ်။

ဆိုင်ပိတ်ရတဲ့အတွက် ယမကာလုလင်များလည်း ထိခိုက်ပါတယ်။

သံဖြူဇရပ် အရက်ဆိုင်အမှု ပြန်စစ်ဖို့ ဦးရဲကျော်ခိုင်က ပြောတာ ဘာကြောင့်ပါလဲ?
ပိုက်ဆံမရလို့၊ အဝေအစား မမျှလို့ ဌာနဆိုင်ရာအချင်းချင်း ခွပ်ကြတာလား၊ တရားဥပဒေစိုးမိုးရေးကို အမှန်တကယ် လိုလားတာကြောင့်လား ဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ဒီစာ ပေးပို့လာသူက သူ့ကိုယ်သူ "သာမန်အရပ်သားတစ်ယောက်ပါ" လို့ မိတ်ဆက်ထားပါတယ်။

(ဓာတ်ပုံကို http://tofuphotography.blogspot.com/2011/01/carrying-keg.html ဘလော့က ယူပါတယ်။ ထမ်းထားတဲ့စည်က ဒဂုံတော့ မဟုတ်ပါ။ မြန်မာစည်ဘီယာ ဖြစ်ပါတယ်။ အွန်လိုင်းမှာ ဒဂုံရှာမတွေ့လို့ ဒါပဲ တင်လိုက်ပါတယ်။)







ဧရာဝတီ

0 comments: