စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, April 28, 2012

မလေးရှားရောက် မြန်မာတို့အတွက် သတင်း


ဒီနေ့၂၈.၄.၂၀၁၂ မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ မာဒေးကားကွင်း (မြန်မာဆိုင်များပတ်ဝန်းကျင်) တစ်လျှောက် တွင် မလေးရှားအစိုးရ အတိုက်ခံပါတီများ စုပေါင်းဆန္ဒုပြပွဲ ပြုလုပ်မည်ဖြစ်ပါတယ် ။

သို့ပါသောကြောင့် ထိုနေရာများကို နံနက် ၈ နာရီမှ စတင်ပြီး လမ်းအားလုံး ပိတ်ဆို့သွားမည်ဖြစ်ပြီး ပို့ဆောင် ဆက်သွယ်မှု့များဖြတ်တောက်သွားမည်ဖြစ်ကြောင်း အထူးသတိပေးရပါတယ် ခင်ဗျာ။



ပြီးခဲ့တဲ့ ၂၀၁၁ ဂျူလိုက်လ ၉ ရက်နေ့က ပြုလုပ်သွားတဲ့ ဆန္ဒပြပွဲ အတွေ့အကြုံအရ နိုင်ငံခြားသားများ ပါဝင်ပတ်သက်ပါက ပြည်နှင်

ဒဏ်ပေးမည်ဖြစ်ကြောင်းသိရပါတယ်။ ထိုအချိန်က မီးရထားဘူတာ

များတွင် အဆင်သင့်စောင့်ဆိုင်းနေသော ရဲများ ၊ ထောက်လမ်းရေး

များ၏ ဖမ်းဆီးမှု့များကိုကြောက်ပြီးထွက်ပြေးကြသော နိုင်ငံခြားသား

များကို အမိအရဖမ်းဆီးမှု့များရှိတာကြောင့် မနက်ဖြန် ကွာလာလမ်ပူ

မြို့သို့ မသွားကြရန် အထူးသတိပေးရပါတယ်ခင်ဗျား။ ထပ်မံပြီး လိုင်းကားများအားလုံး မူရင်းကားဂိတ်များသို့ ရောက်ရှိမည်မဟုတ်တော့ပဲ နီးစပ်ရာ ရပ်တန့်ဂိတ်များတွင်သာ ရပ်တန့်မည်ဖြစ်ပါတယ်။



LRT,MONO RAIL,KTM ရထားများအားလုံး ရပ်တန့်မှုကန့်သတ်မည့်(သို့)အထူးစစ်ဆေးမည့် ဘူတာများမှာ

1.Mesjid Jamek (LRT)

2.Bandar Raya (LRT,KTM)

3.Huntuah (LRT,MONO RAIL)

4.Paza Sini (LRT)

5. Plaza Rayak (LRT)

စတဲ့ ဘူတာများဖြစ်ပြီး ထိုဘူတာများသို့မြန်မာများ မသွားကြဖို့ အထူးသတိပေး အကြောင်းကြားပါတယ်။



ပြီးခဲ့တဲ့ နှစ်က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံခြားသားများကို သေချာ

စစ်ဆေးပြီးမှ ပြန်လွှတ်ခဲ့တာကြောင့် မိမိတို့ စာရွက်စာတမ်းမှန်ကန်

သော်လည်း မလိုလားအပ်သော ပြဿနာများကို ရင်ဆိုင် ရတတ်ပါ

တယ်။ စာရွက်စာတမ်းမရှိသူများ,UNကိုင်ဆောင်ထားသူများအတွက်

မနက်ဖြန် KL သို့ လုံးဝမလာကြဖို့ အထူးသတိပေးတင်ပြရပါတယ်။

သတ်မှတ်ချိန်မှာ နေ့လည်၂ နာရီဖြစ်ပြီး သတ်မှတ်ယူနီဖောင်းမှာ အဝါရောင် တီရှပ်ပြောင် အနီရောင် တီရှပ်ပြောင်

များဖြစ်တာကြောင့် မနက်ဖြန်အတွက်ထိုအရောင်ပြောင်အကျီများမဝတ်ဆင်ရန်သတိပြုဖို့လိုပါတယ် ကျွန်တော်တို့ 

အွန်လိုင်းမှ အချိန်မှီကြော်ငြာပေးသော်လည်း ပြီးခဲ့တဲ့နှစ်က မြန်မာများစွာ ကေအယ်လ်မြို့လယ်တွင် ဒုက္ခရောက်ပြီး

သွားရန် ကားမရှိ တည်းစရာ ဟော်တယ်မလောက် ၊ စားစရာဆိုင် မရှိဖြင့် အလွန်ကသီလင်တဖြစ်ကြရတာကြောင့်

မနက်ဖြန် KL သွားမည့် သူငယ်ချင်းများကို လက်တို့သတိပေးဖို့ အထူး အသိပေးရပါတယ်ခင်ဗျား။




ဆက်လက်ပြီး မသိရှိသေးသောသူများအတွက် KL တွင်ပြုလုပ်သွားခဲ့သော ၉.၇.၂၀၁၁ ဆန္ဒပြပွဲတုန်းကပုံများကို

ပူးတွဲ တင်ပြရင်း မနက်ဖြန် ကျွန်တော်တို့ဧဒင်ဥယျာဉ်မှ မလေးရှား နိုင်ငံ ကွာလာလမ်ပူရှိ ဆန္ဒပြပွဲသတင်းများကို

ဆက်တိုက် တင်ဆက်ပေးသွားမည်ဖြစ်ပါတယ် ။

KL သွားမည့်သူငယ်ချင်းများရှိပါက မသွားကြရန် လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်းရင်း

0 comments: