စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 25, 2012

ဟေ့.. တို့မြန်မာကို ဒါမျိုးစော်ကားလို့ မရဘူးကွ

ရန်ကုန်ယူနိုက်တက်လို အသင်းမျိုးကို (၅)ဂိုးပြတ်နဲ့ မနိုင်ရင် အသင်းက နှုတ်ထွက်လိုက်ပါ့မယ်ဆိုတဲ့ ချောင်ဘူရီနည်းပြ အာဖျံကွီးကောင်


ဒီလိုဗျ...

အင်မတန် သောက်ကြီးသောက်ကျယ်နဲ့ အောက်ခြေလွတ်နေတဲ့

ယိုးဒယား ခေါ် ထိုင်းနိုင်ငံက ချောင်ဘူရီဆိုတဲ့ ဘောလုံးအသင်းက မြန်မာနိုင်ငံက ရန်ကုန်ယူနိုက်တက်နဲ့ ရန်ကုန်မှာ ဘောကန်ပါလေရော။

အဲဒီပွဲမှာ တစ်ဖက် တစ်ဂိုးနဲ့ သရေကျပါသတဲ့။

အဲဒီလို တစ်ဂိုး-တစ်ဂိုး သရေကျရပါ့မလားလို့ ချောင်ဘူရီနည်းပြ ၀ိသာရဆိုတဲ့ ဦးဖင်ဂေါင်းကျယ်က ရှက်သတဲ့လေ။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သောက်ကြီးသောက်ကျယ်တွေ ပြောပါလေရော..။

တကယ်ဆို .. သူတို့ ထိုင်းအသင်းက မြန်မာအသင်းထက် အများကြီးသာပါတယ်ပေါ့။

ခရီးပန်းလို့ ...ကွင်းစိမ်းလို့ (တစ်ဂိုး-တစ်ဂိုး) သရေကျရတာပါပေါ့။

ထိုင်းနိုင်ငံမှာ ကန်ရမယ့်ပွဲဆိုရင် ဒီလို မြန်မာနိုင်ငံက သာမန်ညောင်ည ရန်ကုန်ယူနိုက်တက်ကို အနည်းဆုံး (၅)ဂိုးပြတ်လောက်တော့ အေးရာအေးကြောင်း လေချွန်ပြီး သွင်းလို့ ရပါတယ်ပေါ့။

အဲဒီလိုတွေ လေကြီးမိုးကြီးတွေ တိုက်ပါရော။

အောင်မယ် ဘယ်လောက်များလဲဆို.. တကယ်လို့ ထိုင်းမှာ ကန်တဲ့ပွဲမှာ မြန်မာအသင်းကို (၅)ဂိုး ပြတ်အောင် မသွင်းနိုင်ရင် နည်းပြ ဘ၀ကနေ ချက်ချင်းလက်ငင်းကို နှုတ်ထွက်လိုက်ဖို့ အာမခံပါတယ်ဆိုတာက ပါလိုက်သေးတယ်။ ပြောပုံကအဲလို။

သိတယ်မို့လား..။

ကျုပ်တို့ မြန်မာဆိုတဲ့ကောင်တွေကလဲ အိမ်ရှင်မို့လို့သာ ဧည့်သည်ကို ဘာမှမပြောဘဲ သီးခံပေးလိုက်တာ။

စိတ်ထဲကတော့ ခိုးလို့ခုလုပေါ့။ ဘောလုံးမှာ ယိုးဒယားကို မနိုင်တာလဲ အမှန်ပါ။

ဒါပေမယ့် ယိုးဒယားကို မနိုင်ဘူးပဲထားပါတော့။ အဲဒီလောက်လည်း ကစားပုံခြင်းက အပြတ်အသက်ကွာတာမဟုတ်ဘူး။

ဒီလို မှိုချိုး မျှစ်ချိုး .. ချိုးချိုးနှိမ်နှိမ် ... မတူသလို ..မတန်သလို ပြောသွားတာကိုတော့ ဘယ်ကျေနပ်လိမ့်မလဲ။

နေနှင့်ဦးပေါ့ကွာ.။ အဲဒီပွဲ မင်းပြောသလို (၅)ဂိုးပြတ်အောင် မကစားနိုင်လို့ကတော့ တွေ့ကြသေးတာပေါ့လို့ စိတ်ထဲက ကောင်းကောင်းကျိန်ဆဲပြီး တေးထား မှတ်ထားတာကလား။

ဘောလုံးဝါသနာပါတဲ့ မြန်မာလူငယ်တိုင်း အဲဒီ ချောင်ဘူရီနည်းပြပြောသွားတဲ့ စကားကို ဆက်ဆက်ထိ မခံနိုင်အောင်နာပြီး ယိုးဒယားကို ကန်မယ့်ပွဲကို မှတ်မှတ်ထင်ထင်တေးထားတာ။

ကိုယ့် မြန်မာအသင်း ရန်ကုန်ယူနိုက်တက်ကိုလည်း နိုင်အောင်ကစားဖို့ .. ရှုံးရင်တောင် ဂိုးပြတ်မရှုံးခဲ့ဖို့ ကျိတ်ပြီး အားပေးကြတာပေါ့။



မနေ့က (24-4-2012) ရက်နေ့မှာတော့ ယိုးဒယားမှာ အဲဒီချောင်ဘူရီဆိုတဲ့ အသင်းနဲ့ ရန်ကုန်နဲ့ ကန်ပါလေရော။

မြန်မာတွေကလဲ ဘယ်ရမလဲ။ အဲဒီပွဲကို တော်တော်လေးကို အာရုံစိုက်ကြတာပေါ့။

ဘယ်... ၅ ဂိုးမပြောနဲ့ ၁ ဂိုးသွင်းဖို့တောင် အသည်းအသန်ကစားရတာပါ။

နိုင်တာကတော့ ချောင်ဘူရီက (၁-၀) နဲ့ပဲ နိုင်သွားရော ဆိုပါတော့။



ပွဲပြီး သတင်းစာရှင်းလင်းပွဲရောက်တော့ အသည်းခိုက်အောင်နာထားတဲ့

စကားကို မြန်မာမီဒီယာတာဝန်ခံတစ်ယောက်က ဒဲ့ပဲ မေးပါလေရောတဲ့။

“ခင်ဗျားပြောတုန်းက မြန်မာအသင်းကို (၅)ဂိုးပြတ်အောင် မသွင်းနိုင်ရင် ရာထူးက ချက်ချင်းထွက်မယ်ဆို ... အခု (၁)ဂိုးပဲ သွင်းနိုင်တယ်ဆိုတော့ ခင်ဗျား ထွက်မှာလား..”လို့

ပြောင်ပြောင်ပဲ သောက်ရှက်ခွဲပါလေရော။

အဲဒီတော့မှာ ယိုးဒယားချောင်ဘူရီအသင်းနည်းပြ ၀ိသာရဆိုတဲ့ နွားက မျက်နှာကြီး နီရဲပြီး

“အဲဒီတုန်းက ကျွန်တော်က မွှန်ပြီးပြောမိတာပါ။ ငါးဂိုးပြတ်မသွင်းနိုင်ရင် အလုပ်ထွက်မယ်ဆိုတာ

ကျွန်တော့်ကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်ပေးတဲ့ စကားပါ။ တကယ်မဟုတ်ပါဘူး။

ကျွန်တော် ဒီပြိုင်ပွဲမှာ ဖလားရခဲ့ရင်တော့ ရာထူးက တကယ်ထွက်မှာပါ” လို့ .. သောက်ရှက်မရှိ ဟိုလိုလို ဒီလိုလို လုပ်ပါလေရော..တဲ့။



မြန်မာတွေပဲ...။

သိတယ်မို့လား။ ဘယ်နေလိမ့်မလဲ။

ကိုယ့်မြန်မာအသင်းကို ဒီလို ချိုးချိုးနှိမ်နှိမ် ဆက်ဆံထားတာကို ဘယ်မေ့လိမ့်မလဲ။

ချောင်ဘူရီးအသင်းရဲ့ တရားဝင် ၀က်ဘ်ဆိုက်ကိုသွားပြီး အဲဒီနည်းပြကို ကောင်းကောင်းဆဲကြတာပေါ့။

ပြောလိုက်တာမှ စုံနေတာပဲ။ အင်္ဂလိပ်လိုတင် မကဘူး ။ Google မှာပါ Translate လုပ်ပြီး ထိုင်းလိုပါ ဆဲထားသေးတာ။

ရှက်တက်ရင် ...အခုရာထူးက နှုတ်ထွက်စာတင်စမ်းဆိုပြီး ၀ိုင်းပြောကြတာလေ။

ဘယ်လိုပြောရမလဲ.. အရသာရှိပုံများ ။



မြန်မာဆိုတာမျိုးက ကိုယ့်အချင်းချင်းသာ မကောင်းပြောရင် ပြောမယ်။ ကိုယ့် လူတွေကို နိုင်ငံခြားသားက မကောင်းပြောရင်တော့ အသည်းချိအောင် နာတတ်ကြတာမို့လား။

ကိုယ့်အသင်းက ညံ့တာတော့ ... ညံ့တာပဲ။ ဒါပေမယ့် ကိုယ်ပဲ ပြောမယ်။

သူများပြောရင် မကြိုက်ဘူး။

အဲဒီလို လာနှိမ်လို့ကတော့ နားကားသွားမယ်ဆိုတာမှတ်။

ကောင်းကောင်းကို သောက်ရှက်သွားခွဲထားတာ။

သွားကြည့်ပြီး ခင်ဗျားတို့ပါ ကောင်းကောင်းဆဲလို့ ရပါ့ဗျာ။

ဟောဒီ့ အောက်က လင့်ခ်မှာပါ။

ကျုပ်တို့မြန်မာတွေက ဒါမျိုးဆိုရင်တော့ သိပ်ညီညွတ်ကြတာကလား။

ဒီလို ဒီလို ချစ်ဖို့ ကောင်းတာ :P
( ဒါက


http://www.chonburifootballclub.com/th/clipvdo/572/AFC_Cup_2012_:_Group_Stage_Round

 ( ဒါက ချောင်ဘူရီနည်းပြရဲ့ ဖေ့ဘွတ်လိပ်စာပါ.. Wall ဖွင့်ထားပါတယ်... ပြောချင်တာသာ ပြောချပစ်ခဲ့ပါ.. :P  
http://www.facebook.com/pages/Withaya-Laohakul/100144526760929 )

0 comments: