စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 18, 2012

ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအပေါ် ချင်းပါတီများ အမြင်ကွဲ


အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းအကောင်ထည်ဖော်နေတဲ့ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းဟာ ချင်းပြည်နယ် အကျိုးစီးပွား အတွက် ရေရှည် အကျိုးပြုနိုင်တဲ့ စီမံကိန်းတခုဖြစ်တယ်လို့ ချင်းတိုးတက်ရေးပါတီ (CPP) က ပြောဆိုလိုက်ပါတယ်။

ချင်းတိုးတက်ရေး ပါတီ (CPP) ဥက္ကဋ္ဌ ချင်းရေးရာဝန်ကြီး ပူးနိုးထန်ကပ် နဲ့ ချင်းသစ်တောရေးရာဝန်ကြီး ဦးကျော်ငြိမ်းတို့ ဦးဆောင်တဲ့ လေ့လာရေး
အဖွဲ့ဟာ ဧပြီလ ၆ ရက်နေ့က ၁၀ ရက်နေ့အထိ ကွင်းဆင်းလေ့လာခဲ့တယ် လို့ CPP ပါတီက ဒီကနေ့ ပြောဆိုပါတယ်။

(CPP) ရဲ့ တွဲဘက် အထွေထွေအတွင်းရေးမှူး (၂) ဦးရှိန်ထွန်းက “စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ လူထုအတွက် အရမ်း ထိခိုက်နစ်နာမှုမျိုး မရှိဘူး၊ ချင်းတိုးတက်ရေးပါတီ အနေနဲ့ကတော့ လက်ရှိဆောက်လုပ်နေဆဲကို ထပ်ပြီးတော့ ဆောက်စေချင်တယ်၊ ထောက်ခံတယ်’’ လို့ ပြောပါတယ်။

ဒီစီမံကိန်းကြောင့် စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လာမှာဖြစ်သလို ချင်းပြည်နယ် အစိုးရ အတွက်လည်း အခွန်ကောက်ခံမှုနဲ့ ၀င်ငွေကောင်းလာမှာ ဖြစ်တယ်။ ရေရှည်အနေနဲ့ ကြည့်မယ်ဆိုရင် အန်မတန် ကောင်းတဲ့ အလားအလာတခုပါပဲလို့ ဦးရှိန်ထွန်းက ပြောပါတယ်။

ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားပါတီ (CNP) က ပြုလုပ်ခဲ့တဲ့ ကွင်းဆင်း လေ့လာချက်မှာတော့ စီမံကိန်း လုပ်ဆောင်ရာမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ကုလားတန်မြစ်ကို အားထား အသက်မွေးဝမ်းကြောင်းပြုနေသူ ရွာသားတွေအတွက် ထိခိုက်မှုရှိနိုင်ကြောင်း တင်ပြထားပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်ကုန်ကျမယ့် ကုလားတန်မြစ် စီမံကိန်း အကောင်အထည်ဖော်ဖို့ အိန္ဒိယနဲ့ မြန်မာအစိုးရတို့က ၂၀၀၈ ခုနှစ် ဧပြီလက သဘောတူ စာချုပ်ဆိုခဲ့ကြပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကုန်စည်တွေကို
နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဒီစီမံကိန်းအရ ကုလားတန်မြစ်ကို ချဲ့ပြီး စစ်တွေမှ ပလက်ဝ ကို ပင်လယ်ကူး သင်္ဘောများ ဝင်ရောက်မှာဖြစ်ပြီး ပလက်ဝက တဆင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အထိ ကားလမ်းဖြင့် ဆက်သွယ်မှာ
ဖြစ်ကြောင်း သိရပါတယ်။

 RFA Burmese

0 comments: