စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, April 19, 2012

ဒုက္ခသည်စခန်းမှာ ၀က်သက်ရောဂါအဖြစ်များနေ




ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စစ်ပြေးဒုက္ခသည် စခန်းမှာ အခုတလော ၀က်သက်ရောဂါတွေ အဖြစ်များနေပြီး သေဆုံးတာလည်း ရှိတယ်လို့ သိရပါတယ်။ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ အများကြီးလိုအပ်နေတယ်လို့ ဒုက္ခသည်စခန်းက တာဝန်ရှိသူတွေက
ပြောပါတယ်။

ဗန်းမော်မြို့ ရောဘတ် ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းဝင်းရှိ ဒုက္ခသည်စခန်းမှာ အခုလအတွင်း ကလေးနဲ့ လူငယ်တွေအပါအ၀င် လူဦးရေ ၃၀၀ ကျော်လောက် ၀က်သက်ရောဂါခံစားနေရတဲ့ အကြောင်း အဲဒီဒုက္ခသည်စခန်းက ကော်မီတီဝင် တစ်ယောက်က ပြောပြပါတယ်။

"ဆရာဝန်တွေမရှိဘူး အရင်တုံးကတော့ ကမ့်ကို ဆရာဝန်တွေ လွှတ်ပေးတယ်။ အခုနောက်ပိုင်းကျတော့ တောင်ပေါ်က ဆေးသင်တန်း
တက်ထားတဲ့ ဆရာမတွေပဲ ရှိတာ။ အခုဆေးကုနေတာက ဒုက္ခသည် စခန်းကပဲ ၀ယ်ထားတဲ့ ဆေးတွေနဲ့ ကုနေရတာ။ ကျနော်တို့ကလည်း လူက ၂၀၀၀ ကျော်တယ်။ ကမ့်မှာရှိတဲ့ ဆေးဝါးလောက်နဲ့ပဲကုသပေးနိုင်တယ်။
အခြေအနေ ဆိုးရွားလာတဲ့အခါ ဆေးရုံပို့တဲ့ အခါကျတော့ မထောက်ပံ့နိုင် တော့ဘူး။"

ဒီအကြောင်းနဲ့ပတ်သက်လို့ ဗန်းမော်ဆေးရုံကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ တာဝန်ကျဆရာမတစ်ဦးက သူတို့ဆီကို ဒုက္ခသည်စခန်းက
ဝက်သက်ရောဂါနဲ့ ရောက်လာတဲ့ လူနာ ၆ ယောက်လောက်ရှိပြီး ဒုက္ခသည်စခန်းကို ဆရာဝန်တွေမသွားနိုင်တာဟာ သင်္ကြန်ကာလ ဖြစ်နေလို့ မကြာခင် သွားဖို့ အစီအစဉ်ရှိပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

ဗန်မော်မြို့ ရောဘတ် ခရစ်ယာန် ကျောင်းဝင်းရှိ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ၂၃၀၀ ကျော်ရှိပြီး နှစ်၂၀၀၀ စခန်းနဲ့ဆိုပါက စုစုပေါင်း ဒုက္ခသည် ၄၀၀၀ လောက်ရှိပြီး သူတို့ဟာ မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ် အတွင်းက ထွက်ပြေးရောက်ရှိလာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
 

0 comments: