စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, April 23, 2012

ကျမ်းကျိန်ဆိုရမဲ့စာသားနဲ့ ပတ်သက်ပြီး ထပ်မံအကြံပြုချက်တွေကို NLD က သက်ဆိုင်ရာရုံးတွေကို တင်ပြထားပြီးဖြစ်



ကျမ်းကျိန်ဆိုရမဲ့စာသားနဲ့ ပတ်သက်ပြီး ထပ်မံအကြံပြုချက်တွေကို NLD က သက်ဆိုင်ရာရုံးတွေကို တင်ပြထားပြီးဖြစ်ကြောင်း နဲ့ မကြာခင် ဒီကိစ္စကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့တုန်းက လေးစားလိုက် နာပါမယ် ဆိုတဲ့ အသုံးအနှုန်း ပြောင်းလဲပေးခဲ့သလို ဥပဒေတစ်ရပ်ကို ပြင်ဆင်နိုင်ဖို့အတွက် အဲဒီပြင်ဆင်ချက်နဲ့ ညီညွတ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ရမယ်ဆိုတာ ဥပဒေတစ်ရပ်ရဲ့ မူဝါဒဖြစ်တဲ့အတွက် NLD အနေနဲ့  အခုလို ပြောဆိုရတာဖြစ်တယ်လို့လဲ ဦးဥာဏ်ဝင်းက ပြောပါတယ်။

လွှတ်တော် တက်မယ့် ကိုယ်စားလှယ်တွေ ကျမ်း သစ္စာ ကျိန်ဆိုရမယ့် အထဲမှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည်” ဆိုတဲ့ စာသားနေရာမှာ “လေးစားလိုက်နာပါမည်” ဆိုပြီး ပြောင်းလဲ ပြင်ဆင်ပေးဖို့ ကိစ္စ ညှိနှိုင်းနေဆဲမို့ လွှတ်တော် အစည်း အဝေးတွေကို တက်ရောက်ဖြစ်မှာ မဟုတ်သေးကြောင်း NLD က ပြီးခဲ့တဲ့ ရက်က ထုတ်ပြန် ထားပါတယ်။

RFA Burmese
 

0 comments: