စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, April 21, 2012

ဗမာ့နိုင်ငံရေးမိတ်ဆွေပါတီတွေရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံ သတင်းရှင်းလင်းပွဲ

ဗမာ့နိုင်ငံရေးမိတ်ဆွေပါတီတွေရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံ သတင်းရှင်းလင်းပွဲတစ်ခုကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့ City Star ဟိုတယ် မှာ ဧပြီလ (၂၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီသတင်းရှင်းလင်းပွဲကို ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်နဲ့ မြန်မာအမျိုးသားကွန်ဂရက်ပါတီတို့က
ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတမှုရှိမရှိနဲ့ပက်သတ်ပြီး လာမယ့် မေလထဲမှာ နေပြည်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သွားရောက်တွေ့ဆုံမဆွေးနွေးမီ မီဒီယာတွေကို အကြိုတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်




0 comments: