စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 25, 2012

ဆရာဝန်စိတ်ဓါတ် ခေါင်းပါးနေတဲ့ မင်းတပ်မြို့ မှ ဆေးရုံအုပ်ကြီး။




လူသားအကျိုး ဆောင်ရွက်မယ် လူ့ အသက်တွေကို ကယ်တင်စောင်မမယ်ဆိုတဲ့ ဆရာဝန်စိတ်ဓါတ် ခေါင်းပါးနေတဲ့ မင်းတပ်မြို့ မှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမျိုးမင်း။

ကျနော်တို့ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တောင်ပုလု တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးပညာသီရိ ဦးဆောင်၍ ဖွဲ့ စည်းထားသော ဘာသာပေါင်းစုံ ကရုဏာ နာရေးကူညီမူအသင်းအတွက် လူနာတင်ယာဉ်တစ်စီးနှင့် နာရေးတင်ယာဉ်တစ်စီးတို့ ကို ဆရာတော်ဘုရာကြီးမှ အသင်းသို့  ပြီးခဲ့တဲ့ အပတ်က ပေးအပ်လှူဒါန်းခဲ့ပါသည်။ မင်းတပ်မြို့ နယ်အတွင်း ဗုဒ္စဘာသာဝင်များရော၊ ခရစ်ယန်ဘာသာဝင်များပါ ၀မ်းသာနေကြပါတယ်။

သို့ သော်လည်း ၄င်းယာဉ်နှစ်စီးကို လူမျိုးဘာသာမရွေး ကူညီနိုင်ရန်အတွက် ဆရာတော်ဘုရားကြီးမှ မင်းတပ်မြို့  ခရိုင်ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း ထားရှိရန် ပြည်နယ်ဝန်ကြီးချုပ်၏ သဘောတူ ခွင့်ပြုချက်ရထားပြီး ဖြစ်သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမျိုးမင်းမှ လက်မခံသည့်အတွက် ဆရာတော်နှင့်တကွ ဒါယကာ ဒါယိကာမများအားလုံး စိတ်မကောင်းဖြစ်နေကြရပါသည်။

ဆေးရုံမှ အခြားဆရာဝန်၊ ဆရာမများနှင့် ၀န်ထမ်းများအားလုံးလည်း အံ့သြ စိတ်မကောင်းဖြစ်နေကြပါတယ်။

ဗုဒ္စဘာသာဝင် ခေတ်ပညာတတ် ဆရာဝန်ကြီး တစ်ဦးရဲ့ အယူသီးမူ၊ ပရဟိတစိတ် ခေါင်းပါးမူများကို သက်ဆိုင်ရာမှ ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးပါရန် တင်ပြအပ်ပါသည်။

မင်းတပ်မြို့ သားတစ်ဦး။




0 comments: