စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, April 24, 2012

‘တွေ့တဲ့သူအကုန်ရိုက် အဓိပတိယာဉ်လိုင်းကို ဒီလိုလုပ်လို့ မရဘူး’

ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အဓိပတိ (အဖြူ)ယာဉ်လိုင်းမှ ရပ်ကွက်နေ ပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံ တိုင်ကြား

အတိုက်ခံရသော အဓိပတိ(အဖြူ)ယာဉ်အား တွေ့ရစဉ်


ဧပြီ ၄ ရက်နေ့ကဖြစ်ပွား ခဲ့သော ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အဓိပတိ(အဖြူ )ယာဉ်လိုင်းမှ ရပ်ကွက်နေပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် မှ နိုင်ငံတော်သမ္မတထံ တိုင်ကြားထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်တွင် စက်ပျက်၍ရပ်ထားသော ပါရမီအဓိပတိ (အဖြူ) ယာဉ်လိုင်းမှ ကားတစ်စီးကို ဘေး ဂျင်း-ဂျစ်ကားတစ်စီးမှ ၀င်တိုက်မိရာ ဂျစ်ကားမောင်းသူမှာ ဒဏ်ရာရရှိသွားသဖြင့် ရပ်ကွက်နေပြည်သူများ မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ည ၁၁ နာရီခွဲအချိန်တွင် အဓိပတိ ယာဉ်လိုင်းမှ ဗိုလ်ကြီးအောင်သူ (ငြိမ်း)ဆိုသူ ရောက်ရှိလာပြီး ပြည်သူများနှင့် အနည်းငယ်အချင်းများပြီး ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားပြီးမိနစ် ၂၀ ခန့်အကြာ တွင် အဓိပတိယာဉ်လိုင်းမှ ကားနှစ်စီး ဖြင့်လူ ၃၀ ကျော်ခန့် ပြန်လည်ရောက်ရှိလာပြီး ရပ်ကွက်အတွင်း၌ အုပ်စုလိုက်ရမ်းကားမှုများ ပြုလုပ်ခဲ့သဖြင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဈေးဆိုင်ခန်းများ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းညွန့်နှင့် ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

“ကျွန်တော်တို့က ယာဉ်တိုက်မှု ဖြစ်လို့ဒဏ်ရာရတဲ့ သူကိုကူညီ ပေးတာပါ။ ဒါကို ‘မဆိုင်သူတွေ အနားမကပ်နဲ့ မင်းတို့ဘာကောင်တွေလဲ’လို့ ပြောတယ်။ ကျွန်တော် သေချာရှင်းပြတော့ သူမှားသွားကြောင်း တောင်းပန်ပြီး ပြန်ထွက်သွားတယ်။ ပြီးတော့ သိပ်မကြာလိုက်ဘူး အဓိပတိ(အဖြူ) ကားနှစ်စီးရောက် လာပြီး ‘တွေ့တဲ့သူအကုန်ရိုက် အဓိပတိယာဉ်လိုင်းကို ဒီလိုလုပ်လို့ မရဘူး’ ဆိုပြီး အော်ပြီးလိုက်ရိုက်တာ အဲဒီမှာ ကောင်လေးတစ်ယောက် အရိုက်ခံလိုက်ရတယ်”ဟု ယင်းဖြစ်စဉ်အား တရားလိုပြု တိုင်ကြားသူ ရပ်ကွက်နေ ပြည်သူတစ်ဦးဖြစ်သူ ဦးစိန်သန်းက ပြောပါသည်။

လေးထောင့်ကန် ရပ်ကွက်နှင့် ဆ/ခရပ်ကွက်မှ ပြည်သူတစ်ရာကျော်ခန့်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ထံသို့ တိုင်ကြားသဖြင့် ဦးသိန်းညွန့်မှ နိုင်ငံတော် သမ္မတနှင့် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ထံသို့ အရေးယူပေးပါရန် တင်ပြထားကြောင်း သိရသည်။

ဆ/ခရပ်ကွက် ရွှေကိန္ဒရီ အိမ်ရာတွင် နေထိုင်သူတစ်ဦး ကလည်း “ကားတိုက်လို့ ထွက်ကြည့်တာ တာဝန်ခံဆိုတဲ့သူ ရောက်လာပြီး အနီးမှာရှိတဲ့သူတွေနဲ့ စကား အခြေအတင် ပြောနေတာ တွေ့တယ်။ ပြီးတော့ အဲဒီလူ ထွက်သွားပြီး သိပ်မကြာဘူး အဓိပတိ(အဖြူ)ကားနှစ်စီး လူ ၄၀၊၅၀လောက် ရှိမယ်လို့ ထင်တယ် ရောက်လာပြီး လိုက်ရိုက်တော့တာပဲ။ ကျွန်တော်တို့ ကြည့်တဲ့ဘက်က ယာဉ်တိုက်မှုဖြစ်တဲ့ဘက် မဟုတ်တော့ သူတို့က ပထမ ကျွန်တော်တို့ကိုမတွေ့ဘူး။ နောက်ပြီးမှ တွေ့တော့ အိမ်ရာထဲထိ လိုက်ရိုက်တာ။” ဟု ပြောပါသည်။

“ယာဉ်တိုက်မှုဖြစ်တာကို ကြည့်ပြီးတော့ ကျွန်တော်က စံပြဈေးဘက်မှာ ထမင်းကြော်သွားစားတာ။ အဲဒီအချိန်မှာပဲ စံပြဈေးဘက်ကနေ အဓိပတိနှစ်စီးက လူတွေ အများကြီးတင်လာပြီး ယာဉ်တိုက်မှုဖြစ်တဲ့ ဘက်ကိုသွားတာတွေ့လို့ ပြန်သွားကြည့်တော့ အဲဒီမှာသူတို့က လိုက်ရိုက်နေပြီ။ ကျွန်တော်က သူတို့ရဲ့ အလယ်ကိုရောက်သွားတော့ ကျွန်တော်ကိုလည်းတွေ့ရော လိုက်ရိုက်ကြတယ်။ ကျွန်တော်လည်း ရှောင်ရင်း လက်နဲ့ကာလိုက်တာ အဲဒီမှာ လက်ထိသွားတာ။ ပြီးတော့ ကျွန်တော်လမ်းထဲကို ၀င်ပြေးတော့မှ လွတ်သွားတာ”ဟု ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိသူ ကိုမော်ခန်း(ခ)စိုးမင်းထွန်း ကပြောပါသည်။

ယင်းဖြစ်စဉ်ကို တရားလိုပြု တိုင်တန်းမှုအား သင်္ဃန်းကျွန်းရဲစခန်း က(ပ)၂၂၀/၁၂၊ ပုဒ်မ-၂၉၄/၃၂၃/ ၅၀၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။

ညွှန်း - http://news-eleven.com/index.php?option=com_content&view=article&id=13226:2012-04-22-09-28-07&catid=43:2009-11-10-07-39-09&Itemid=111

#8 ckboy09 2012-04-23 14:22( ကော်မန့် တစ်ခု ပါ Eleven Media မှ ဖြစ်ပါသည်။)
ရန်ကုန်မှာမှုခင်းတွေအရမ်းများလာပါလား။မင်းမဲ့စရိုက်ပုံစံတွေတအားများလားပြီးနော်။ဘယ်သူတွေက
ရည်ရွယ်ချက်ရှိရှိလုပ်နေလဲတော့မသိဘူး၊ကြံ့ဖွတ်ကကျောထောက်နောက်ခံရှိလို့ဖြစ်မယ်။ပြည်သူရဲတွေ။
စအဖတွေ။စစစ(ငိုစားရယ်စားအဖွဲ့အစည်း) တွေဘာလုပ်နေကြလဲ။အိပ်နေကြတာလား။မသိဘာသာနေနေ
ကြတာလား။ပြည်သူတွေကျောင်းသားတွေကိုမတရားဖမ်းထောင်ချလုပ်ပြီးလောင်းကစားဝိုင်း။
ပြည့်တန်ဆာတွေဆီကဆက်ကြေးတောင်းဖို့ဘဲအလုပ်လုပ်ကြတာလား။အထက်ဖားအောက်ဖိသမားတွေ။
ပြည်သူကိုအကာအကွယ်မပေးဘဲပြည်သူတွေကိုနှိပ်စက်မဲ့အဖွဲ့အစည်းတွေဘဲ။ပြီးခဲ့တဲ့မှူးခင်းကြီးတွေလဲ
မပေါ်သေးပါလား။ရဲ၊စအဖ၊စစစ(ငိုစားရယ်စား) တွေအလုပ်လုပ်သင့်ပါပြီး၊ဒီမိုကရေစီလမ်းကြောင်း
ကိုလျှောက်မယ်ဆိုရင်နိုးနိုးကြားကြားနဲ့အလုပ်လုပ်သင့်ပါပြီး။ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို
ကာကွယ်ပေးမဲ့အဖွဲ့အစည်းကောင်းတွေဖြစ်သင့်ပါပြီး။

ပြည်သူရဲ+စစစ=လောင်းကစားဝိုင်း၊ပြည့်တန်ဆာ ဆီမှငွေတောင်းသောအဖွဲ့အစည်း(တနည်းဆိုသော် ငိုစားရယ်စား၊အေးဒမြလို့ခေါ်ပါသည်)

စအဖ= ပြည်သူ၊ကျောင်းသားတွေကိုခြောက်လန့်ငွေတောင်း၊ထောင်ချသောအဖွဲ့အစည်း(တနည်းဆိုသော် အထက်ဖားအောက်ဖိပြည်သူ၊ကျောင်းသားတွေကိုမတရားဖမ်းဆီးနှိပ်စက်တဲ့အဖွဲ့အစည်း)
စစ်တပ်=မြတ်စွာဘုရားရဲ့သားတော်(သံဃာတော်)ကိုသတ်သောအဖွဲ့အစည်း
စွမ်းအားရှင်=ဥနှောဏ်မရှိသောသူ

0 comments: