စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, April 27, 2012

ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော


Daw aung san suu kyi meet italy foreign office minister


ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပျော့ပြောင်းပေမယ့် ဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူးလို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂၆ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ အီတလီနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျူလီယို တာဇီ ဒီ ဆန် အဂါဒါ (Mr. Giuliomaria TERZI DI SANT' AGATA) နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ သူက အခုလိုပြောဆိုလိုက်တာပါ။
ဒါ့အပြင် NLD လွှတ်တော် တက်ရေးမတက်ရေး နဲ့ ပတ်သက်လို့ နိုင်ငံရေး ကိစ္စအနေနဲ့ မချဲ့ကားစေချင် ကြောင်း သူ့အနေနဲ့ သမ္မတဦးသိန်းစိန်ကိုယုံကြည်ကြောင်းဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ အီတလီနိုင်ငံခြားရေစ၀န်ကြီး မစ္စတာ ဂျူလီယို တာဇီ ကလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ရပ်တန့်မသွားစေလိုကြောင်း ပြောဆိုသွားခဲ့ပါတယ်။

0 comments: