စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, April 22, 2012

တယ်လီဖုန်းဆက်သွယ်မှုကွန်ရက်တိုးတက်ရေးစီမံကိန်းများမှာ ဂျပန်နိုင်ငံက အကူအညီပေးရန်ရှိနေ




မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေနဲ့ တယ်လီဖုန်းဆက်သွယ်မှုကွန်ရက်တိုးတက်ရေးစီမံကိန်းများမှာ ဂျပန်နိုင်ငံက အကူအညီပေးရန်ရှိနေတယ်လို့ သိရပါတယ်..။ ဂျပန်ရဲ့ အကူအညီဖြစ်တဲ့ ဒေါ်လာ ၇.၄ ဘီလျံ ဖိုး လျာထားထားတဲ့ ...မဲခေါင်ဒေသနိုင်ငံများ ဖွံဖြိုးဖို့အတွက် စီမံကိန်းငါးဆယ့်ခုနှစ်ခု တည်ထောင်ရာမှာ မြန်မာနိုင်ငံမှာ တယ်လီဖုန်းနဲ့ အင်တာနက်စီမံကိန်း ၁၂ ခု အဆိုပြုခံထားရပါတယ်..။
အဲဒီတော့ ဘာတွေထူးခြားလာပါမလဲ..။

အဲဒီ ဖုန်းနဲ့ အင်တာနက်ဖွံဖြိုးမှု စီမံကိန်းတွေဟာ ...ယခုလက်ရှိ လည်ပတ်နေတဲ့ တရုတ်နည်းပညာ၊ တရုတ်စက်ပစ္စည်း၊ တရုတ်လုပ် အိပ်ချိန်း Gateway နဲ့ ဖုန်းကွန်ယက်စနစ်တွေကို အသုံးပြုပြီး (တနည်းအားဖြင့် တရုတ်အားကိုးပြီး) တယ်လီဖုန်းနဲ့ အင်တာနက်နည်းပညာတွေကို နှစ်ပေါင်းများစွာ စီမံကိန်းချပြီး စိုးမိုးဝါးမျိုဖို့ ပြင်ဆင်ကြံစည်နေတဲ့ မြန်မာ့ဆက်သွယ်ရေးနဲ့ အပေါင်းပါ ခေတ်ပျက်သူဌေး ခရိုနီကုမဏီများအတွက် ငါးထောင်ဖုန်း ကိစ္စအပြီးမှာ ...မထင်မှတ်တဲ့ ရှုထောင့်က ၀င်လာတဲ့ ရိုက်ချက်တွေ ဖြစ်မှာ သေချာပါတယ်..။

အဲဒါကြောင့် ဂျပန်က ၀င်လာမယ့် နည်းပညာအလုံးအရင်းနဲ့ အခမဲ့ဖွံဖြိးရေးစီမံကိန်းတွေဟာ လူဂျီးတွေနဲ့ နီးစပ်တဲ့ ခရိုနီတွေလက်ထဲကို မကျရောက်ဖို့၊ ပြည်သူတွေ ဒုံရင်းကဒုံရင်း ဈေးကြီးပေးအသုံးမပြုကြရေးနဲ့ တကယ် ထိုက်ထိုက်တန်တန် အကျိုးခံစားခွင့်ရရေး အတွက် မိမိတို့ တတ်နိုင်တဲ့ဖက်က စောင့်ကြည့်လေ့လာကာကွယ်ကြဖို့ တိုက်တွန်းပါတယ်..။
  
Yan Aung

0 comments: