စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 25, 2012

တရားစီရင်ရေးမဏ္ဍိုင်ခိုင်မာဖြောင့်မတ်ရေး လွှတ်တော်တွင် ဆွေးနွေးမည်




တရားစီရင်ရေးမဏ္ဍိုင်ဖြောင့်မတ်နိုင်ရန် ပြည်သူအားလုံးက ၀ိုင်းဝန်း ကူညီထောက်မနိုင်ရေးအတွက် အဆိုကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ယနေ့ (ဧပြီ ၂၃ရက်)ပြန်လည်ကျင်းပသောပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ အခမ်းအနားမှသတင်းရရှိသည်။

ပြည်သူ့လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သဘောတူဆုံးဖြတ်ခဲ့သော ယင်းအဆိုကို ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေပြုရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက အဆို တင်သွင်းခဲ့ခြင်းဖြစ်ပြီး အမရပူရ မဲဆနနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ထွန်းက ထောက်ခံဆွေးနွေးခဲ့ သည်။

တရားစီရင်ရေးမဏ္ဍိုင်၌ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် ရှိသင့်သည်မှန်သော်လည်း တရားစီရင်သည့်ပုဂ္ဂိုလ်များ အရည်အချင်းမပြည့်ဝလျှင်၊ အဂတိလိုက်စားလျှင် တရားဝင် အဂတိလိုက်စားခွင့်လိုင်စင်ပေးလိုက်သကဲ့သို့ဖြစ်မည်ကို သတိထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားသူများအား ပြစ်ဒဏ်ပေးခြင်း နှင့်ဖြောင့်မတ်မှန်ကန်သူများအားဆုချီးမြှင့်ခြင်းကဲ့သို့ ဆုပေးဒဏ်ပေးစနစ်ပြုလုပ်သင့်ကြောင်း၊ သို့မှသာ တရားရေးမဏ္ဍိုင်ခိုင်မာမည် ဖြစ်ကြောင်း သူရဦးအောင်ကိုက ဆွေးနွေးပြောကြားခဲ့သည်။

ထို့အပြင် တရားစီရင်ရေး မဏ္ဍိုင်၏ တရားခြင်း၊ မတရားခြင်းကို ပြည်သူလူထုက သိမြင် ခံစားရသည့်အတွက် ပြည်သူများအနေဖြင့် အမှန်တရားဘက်မှ သက်သေပါဝင်ဖို့လိုကြောင်း၊ မီဒီယာများကလည်း တရားစီရင်ရေး ကဏ္ဍ၏ အဂတိများကို အမှန်အ တိုင်း ဖော်ထုတ်ရေးသားရန်လို အပ်ကြောင်းလည်း ၎င်းကပင် ဆက်လက်၍ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မ တီသို့ ယခုနှစ်အတွင်း ရောက်ရှိလာသော တိုင်ကြားစာပေါင်း ၇၀၀ ခန့်ကိုလည်း လေ့လာစိစစ် လျက်ရှိပြီး ခိုင်လုံသောအမှုတွဲများကို ပြန်လည်ပေးပို့လွှဲပြောင်းကာ ပြင်ဆင်သွားစေမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကော်မတီနှင့် မီဒီယာများ၏ ထောက်ပြဝေဖန်မှုကြောင့်
တရားရုံးအချို့စတင်ပြုပြင်ပြောင်းလဲလာပြီဖြစ်ကြောင်းလည်းယင်း၏ ဆွေးနွေးပြောကြားချက်အရ သိရှိရသည်။

7Day News Journal
 
 

0 comments: