စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, April 23, 2012

တယ်လီဖုန်းဈေးနှုန်းတွေကို နိုင်ငံတကာစံအတိုင်းဖြစ်အောင် ဆောင်ရွက်ပေးမယ့်အကြောင်းဒုဝန်ကြီးဦးတင့်လွင်က ပြန်လည်ဖြေကြား




တယ်လီဖုန်းဈေးနှုန်းတွေကို နိုင်ငံတကာစံအတိုင်းဖြစ်အောင် ဆောင်ရွက်ပေးမယ့်အကြောင်း ဒီနေ့ကျင်း ပတဲ့ အမျိုးသားလွှတ်တော်မှာ ဆက်သွယ်ရေး-ဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ရန်ကုန်တိုင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ကျပ်ငါးထောင်တန်ဖုန်းကိစ္စ ဖြစ်နိုင်မဖြစ်နိုင် မေးမြန်း ရာမှာ ဒုဝန်ကြီးဦးတင့်လွင်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

လောလောဆယ် ကျပ်နှစ်သိန်းနဲ့ ရောင်း ပေးနေပြီး၊ ဒီကြားထဲမှာ အဆင့်ဆင့်ဈေးလျော့ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံ တကာစံနဲ့အညီ ဆက်သွယ်ရေးဥပဒေကိုရေးဆွဲပြီးတဲ့အခါ တယ်လီဖုန်းဈေးနှုန်းတွေကို နိုင်ငံတကာစံနှုန်း အတိုင်း ရောင်းပေးနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ဆက်သွယ်ရေး-ဒုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

 DVB TV News

0 comments: