စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, April 22, 2012

လူ့အခွင့်အရေး သတင်းဆု RFA နဲ့ မြန်မာဓါတ်ပုံသတင်းထောက်တို့ ရရှိ




အာရှတိုက်တလွှားက လူ့အခွင့်အရေးဆိုင်ရာ သတင်းပေးပို့ချက်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့အာရှအသံ (Radio Free Asia) အပါအ၀င် AFP ၊ CNN ၊ Ai-Jazeera ၊ Time မဂ္ဂဇင်း စတဲ့ သတင်းဌာန (၉) ခု ကို လူ့အခွင့်အရေးသတင်းဆု ချီးမြှင့်လိုက်ကြောင်း ဟောင်ကောင် အခြေစိုက် သတင်းအဖွဲ့ကြီးတစ်ခုက စနေနေ့က ကြေညာလိုက်ပါတယ်။

ဟောင်ကောင် နိုင်ငံခြား သတင်းထောက်များအသင်း၊ ဟောင်ကောင် သတင်းစာဆရာများအသင်း နဲ့ ဟောင်ကောင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့တို့ ပူးပေါင်းပြီး (၁၆) ကြိမ်မြောက် လူ့အခွင့်အရေး သတင်းဆုတွေကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး
ပြုပြင်ပြောင်းလဲမှုတွေ၊ လူကုန်ကူးမှု၊ ဘာသာရေးအရ သဘောထားကြီးမှု၊ တရုတ်ပြည်က ဖိနှိပ်ခံနေကြရတဲ့ အနုပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အကြောင်း စတဲ့ အကြောင်းအရာတွေ အပေါ် ရေးသား ထုတ်လွှင့်ချက်တွေထဲကနေ ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ချီးမြှင့်ခဲ့တဲ့ ဆုတွေထဲမှာ AFP သတင်းဌာနအတွက် ဆောင်ရွက်နေတဲ့
မြန်မာနိုင်ငံက ဓါတ်ပုံ သတင်းထောက် ကိုစိုးသန်းဝင်း ဟာ လူ့အခွင့်အရေး သတင်းဓါတ်ပုံဆု ရရှိခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ရဲ့ဓါတ်ပုံတွေနဲ့ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

0 comments: