စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 25, 2012

မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ကနေဒါနိုင်ငံက ဆိုင်းငံ့

မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ကနေဒါနိုင်ငံက ဆိုင်းငံ့လိုက်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ဧပြီလ (၂၄)ရက်နေ့က ပြောကြားခဲ့ပါသည်။ ဆိုင်ငံ့လိုက်သော အရေးယူပိတ်ဆို့မှုများတွင် ပို့ကုန် သွင်းကုန်နှင့် ဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်းမှုများ ပါဝင်ပြီး လက်နက်တင်ပို့ ရောင်းချမှုနှင့် စစ်ရေးဆိုင်ရာ နည်းပညာများ အပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကိုမူ ဆက်လက် ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အရေးယူပိတ်ဆို့မှုများကို ဆိုင်းငံ့ခဲ့ရခြင်းမှာ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီ ဖြစ်ထွန်းရေး လုပ်ငန်းစဉ်များကို အသိအမှတ် ပြုသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီးနောက် အရေးယူပိတ်ဆို့မှုများကို ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံသို့ မတ်လက လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်အား ကနေဒါနိုင်ငံ၏ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ပေးအပ်ခဲ့သည်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းရန် ဆိုသည်မှာ မြန်မာနိုင်ငံ၏ အခြေအနေများကို လေ့လာ စောင့်ကြည့်ရန် အချိန် လိုဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံ၏ အရေးယူပိတ်ဆို့မှုများကို ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့မှုသည် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တစ်နှစ်ဆိုင်းငံရန် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

0 comments: