စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, April 23, 2012

မိမိတို့အမြင်ကို ၀င်ရောက် ဆွေးနွေးပေးကြပါ..။




အခု လွှတ်တော်မစမီ လဲလှယ်လိုက်တဲ့ တပ်မတော်သားကိုယ်စားလှယ် အရာရှိကြီးတွေဟာ အုပ်ချုပ်မှုပိုင်း/ဥပဒေပိုင်းနဲ့ စီမံခန့်ခွဲမှုပိုင်းတွေမှာ ယခင် အရာရှိငယ်တွေထက်ကော လက်ရှိ လွှတ်တော်တက်နေတဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များထက်ကော အတွေ့အကြုံပိုင်းအရကော ပညာပိုင်းမှာပါ အစစအရာရာ သာတယ်လို့ ယူဆမိပါတယ်..။ အရင်တုန်းကတပ်မတော်သားတွေက လက်အောက်ငယ်သားအဆင့်ပါ..။ အခုလဲလှယ်လိုက်တာက Leader အဆင့်တွေဖြစ်တာကြောင့် လွှတ်တော်မှာ အခြေအနေအားလုံးကို တကယ်လက်တန်းဝင်ရောက်ဆွေးနွေးနိုင်စွမ်း ရှိလာနိုင်မှာပါ။ ဒါဟာ ကာချုပ်ကြီးမင်းအောင်လှိုင် မိန့်ခွန်းအရ အခြေခံဥပဒေကို ကာကွယ်ဖို့အတွက် အမာခံတွေရောက်ရှိလာတယ်လို့လည်း ယူဆနိုင်ပါတယ်..။ လွှတ်တော်ထဲမှာ အဲဒီအရာရှိကြီးတွေနဲ့ NLD နဲ့ ထိပ်တိုက် တွေ့လာနိုင်ပါတယ်..။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့က စကားတစ်လုံးအပေါ် ဘာ့ကြောင့် ဒီလောက်အထိ အလေးအနက်ထားနေသလဲဆိုတာကိုလည်း သဘောပေါက်လာမိပါတယ်..။

အခုလို တပ်မတော်ဘက်ကက စနစ်တကျ ကြိုတင်ပြင်ဆင်မှုတွေလုပ်လာတဲ့အတွက် အမေစုပြောတဲ့“လွှတ်တော်ကို မသွားဘူးလို့ မပြောဘူး။ လွှတ်တော်ကို သွားနိုင်မယ့်အချိန်ကို စောင့်နေတာ” ဆိုတဲ့အတိုင်း စကားလုံးပြောင်းလဲမှုကို စောင့်ဆိုင်းခြင်းက ကောင်းမည်ဟု သုံးသပ်မိပါကြောင်း..။

မိမိတို့အမြင်ကို ၀င်ရောက် ဆွေးနွေးပေးကြပါ..။

Yan Aung
 

0 comments: