မြန်မာစစ်တပ် ခလေးစစ်သား စုဆောင်းဆဲ
ရန်ကုန်တိုင်း သာကေတမြို့နယ်က အသက် ၁၆ နှစ်ကျော်သာရှိသေးတဲ့ ၁၀ တန်းကျောင်းသား မောင်စန်းယုနိုင်ဟာ ခလေးစစ်သားအဖြစ် စုဆောင်းခြင်း ခံနေရပါတယ်။ မောင်စန်းယုနိုင်ဟာ လဖ္ဘက်ရည်ဆိုင်မှာ ဘောလုံးပွဲသွားရောက် ကြည့်ရှုရင်း ဗိုလ်ကြီး ဟန်လင်းဆိုသူက ခေါ်ဆောင်သွားပြီး ခလေးစစ်သားအဖြစ် သွတ်သွင်းခဲ့တာပါ။ အခုမောင်စန်းယုနိုင်ကို မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က စစ်အခြေခံ စစ်လေ့ကျင့်ရေးတပ် အမှတ် (၇) ကိုပို့ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ( ILO )ကို သွားရောက်တိုင်ကြား ထားခဲ့ပေမယ့်လည်း အချိန် ၄ လ ကျော်ကြာသွားသည့်တိုင် အကြောင်း မထူးသေးဘူးလို့ မောင်စန်းယုနိုင်ရဲ့ အဘိုးဖြစ်သူ ဦးအောင်ငြိမ်းက ဆိုပါတယ်။
BurmaVJMedia
Welcome to SeekaHost
10 months ago










0 comments:
Post a Comment