စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, April 19, 2012

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ လွှတ်တော် တက်ရေး မတက်ရေး


NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ လွှတ်တော် တက်ရေး မတက်ရေးနဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက် ၁၂ ချက်ကို ပြင်ဆင်ပေးဖို့ တောင်းဆိုထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး NLD ပါတီ ဌာနချုပ်မှာ ဒီကနေ့ တံခါးပိတ် အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။

ဒီကနေ့ အစည်းအဝေးကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
အပါအဝင် ကြားဖြတ် ရွေးကောက်ပွဲမှာ ရွေးချယ် တင်မြောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၃ ဦး တက်ရောက်ခဲ့ကြ ပါတယ်။

လွှတ်တော်တက်ရေး မတက်ရေး တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းဟာ နေပြည်တော်မှာ ရှိတဲ့ ဥပဒေခုံရုံးကို ဒီကနေ့ သွားရောက် ဆွေးနွေးနေပါတယ်။ NLD ပါတီရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ အဆင်ပြေ ချောမွေ့ခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ NLD ပါတီ အနေနဲ့ လွှတ်တော် မတက်ဘူးလို့ ပြောဆိုတာ မဟုတ်ကြောင်း RFA ကို ပြောဆိုထားပါတယ်။ ဒါ့အပြင် ကျမ်းသစ္စာဆိုပြီးမှ လွှတ်တော်တက်မှာ ဖြစ်ကြောင်း၊ စကားရပ်တွေ ပြောင်းလဲဖို့ ဆိုတာဟာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက စာသား အတိုင်းပဲ ဖြစ်တဲ့အတွက် အခက်အခဲ မရှိဘူးလို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောခဲ့ပါတယ်။

ဒါပေမယ့် NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရတဲ့ ရည်ရွယ်ချက် ၃ ခုထဲမှာ “၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်တွေ ပြင်ဆင်ရေး” ဆိုတဲ့အချက် ပါရှိနေတဲ့အတွက် ပါတီအနေနဲ့ မူလ ရည်ရွယ်ချက် အတိုင်း ရပ်တည်သွားမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

RFA

0 comments: