စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, April 20, 2012

ဧရာဝတီ စာမျက်နှာ တချို့ ယာယီဖွင့်မရတဲ့အကြောင်း

ဧရာဝတီ စာမျက်နှာ တချို့ မနေ့ညကတည်း ၀င်ကြည့်လို့မရဖြစ်နေပါတယ်။
မြန်မာပိုင်း နဲ့ အင်္ဂလိပ်ပိုင်းပါ။ ဒီဆိုက်၂ ခုကို Hosting ပေးတဲ့ ကုမ္ပဏီ အတိုက်ခံရတယ်၊ DDOS attack
ထိထားတယ်လို့ သိရပါတယ်။ ဒီကုမ္ပဏီဆီက Hosting ယူထားတဲ့ ၀က်ဆိုက်တွေ ဧရာဝတီလိုပဲ ကြုံနေရပါတယ် တဲ့။

ပုံမှန်အခြေအနေပြန်ရောက်ရေး ပြင်ဆင်နေတာ နာရီပိုင်းလောက် ထပ်ကြာအုံးမယ်လို့
ကုမ္ပဏီက အကြောင်းကြားလာတယ်လို့ ဧရာဝတီရုံးမန်နေဂျာဆီက သိရပါတယ်။

(Hosting အကြောင်း အောက်ဆုံးမှာ ဖော်ပြထားပါတယ်။)

ယာယီ ဖွင့်မရတဲ့ ၂ ခု
http://burma.irrawaddy.org/ မြန်မာပိုင်း

http://www.irrawaddy.org/ အင်္ဂလိပ်ပိုင်း

ဒီ ၃ ခုက ဖွင့်လို့ရပါတယ်
http://www.irrawaddyblog.com/ ဘလော့ - (ဂူဂယ်က Hosting ပေးထား)

http://video.irrawaddy.org/ ဗီဒီယို

http://www.irrawaddystore.com/ အရောင်းဆိုင်

Myanmar Man’s Diary မှာ တွေ့ရတဲ့ Hosting အကြောင်း
http://www.bamarlay.com/2009/07/web-hosting-for-myanmar/


အင်တာနက်မှာ ကိုယ့် Web site တင်ဖို့ ဆိုတာ တစ်ယောက်ယောက်က host လုပ်မှပါ။ ဒီလို host လုပ်ဖို့  hosting provider လိုပါတယ်။ Hosting provider ဆိုတာက web hosting service ပါပဲ။ Internet နဲ့  တောက်ရှောက် ချိတ်ထားတဲ့ computer server တွေ ရှိပါတယ်။ web site အတွက် ပရိုဂရမ်တွေ ရှိပါတယ်။ အားလုံး အဆင်သင့် ပါ။ ဒါကို host လုပ်တဲ့ company က ဈေးနှုန်း သတ်မှတ်ပြီး ရောင်းပါတယ်။ website တင်ချင်တဲ့ လူက ဒါကိုဝယ်ပြီး web site တင်တာပါ။ hosting company က ဆာဗာ ကို ပုံမှန် အလုပ်လုပ်အောင် တာဝန်ယူ ပါတယ်။

ဒါက သူ့  အခြေခံပါ။ ဒါပေမယ့် လက်တွေ့ မှာ ဒီ့ထက် ပိုရှုပ်ပါတယ်။ Web hosting provider တိုင်းက ကိုယ်ပိုင် ဆာဗာ မရှိပါဘူး။ အများအားဖြင့် တစ်ခြား company တစ်ခုက ပိုင်တဲ့ ဆာဗာကို ငှားသုံးတာပါ။ ဆာဗာတွေ ချည်း ငှားစားတဲ့ company တွေရှိပါတယ်။ ဒီ company က ဆာဗာတွေ internet နဲ့  ချိတ်ပြီး တစ်လုံး ဘယ်လောက်ဆိုပြီး ငှားစားပါတယ်။ သူတို့ ကို Data center တွေလို့  ခေါ်ပါတယ်။ အဲဒီ ဒေတာစင်တာ တွေက ဆာဗာ တွေကို web hosting company ကြီးတွေက ငှားပြီး web server တွေ run ပြီးတော့ web site တွေ ရောင်းစားပါတယ်။ တစ်ခါ သူတို့ ဆီက reseller လို့ ခေါ်တဲ့ လုပ်ငန်းငယ်လေးတွေက ပြန်ဝယ်ပြီး တစ်ဆင့်ပြန် ရောင်းပါတယ်။

ဧရာဝတီ ဘလောက်

0 comments: