စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, April 19, 2012

လုပ်ရက်ကြပါပေ့ စီးပွါးရေသမားတွေ ရယ်............


လုပ်ရက်ကြပါပေ့ စီးပွါးရေသမားတွေ ရယ်.............
By/CJMyanmar

"အောင်ဆန်းစုကြည်၏ အလှဓာတ်ပုံ အယ်လ်ဘမ်"... တဲ့။

(19.4.2012)

အောင်ဆန်းစုကြည်ရှေ့မှာ "ဒေါ်" ဆိုပြီးတော့တောင် နာမည်တပ်မထား။
ပြီးတော့ သုံးထားတဲ့ စကားလုံးက "အလှဓာတ်ပုံ အယ်လ်ဘမ်" ... တဲ့။

တစ်အုပ်ကို ၂၅၀၀ (နှစ်ထောင့်ငါးရာ) ကျပ်နဲ့ ရောင်းချနေကြတာ တွေ့ခဲ့ရပါတယ်။

စာအုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့မိသားစုဓာတ်ပုံတွေ၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားမှာ နေစဉ်က ဓာတ်ပုံတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗမာပြည်တွင်း ၂၀၁၂ ခုနှစ် စည်းရုံးရေးခရီးစဉ်ဓာတ်ပုံတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းကို အလည်လာကြတဲ့ မင်းသား၊ မင်းသမီးတွေရဲ့ ဓာတ်ပုံတွေ ဖော်ပြထားတာတွေ့ရတယ်။

အဲဒီစာအုပ်ထဲမယ် ထုတ်ဝေခွင့်လိုင်စင်နံပတ်တွေဘာတွေ ရှာကြည့်တော့လည်း မတွေ့ရ။

စာအုပ်ရဲ့ ရှေ့ဖုံး၊နောက်ဖုံး ကျောကပ်စာမျက်နှာ ၂ ခုမှာ "ဆန်းစတား ဒစ်ဂျစ်တယ်ဓာတ်ပုံ နှင့် ဓာတ်ပုံပညာသင်တန်း" ရဲ့ကြော်ငြာဆိုတာပဲတွေ့ခဲ့ရတယ်။

အဲဒီ "ဆန်းစတား" ဆိုတာနဲ့ ဒီစာအုပ် တစ်နည်းနည်းတော့ ဆက်စပ်မယ်ထင်ရတာပါပဲ။

အဲဒီစာအုပ်အကြောင်း သိချင်သူတွေ အဲဒီ ရန်ကုန်က "ဆန်းစတား" ကိုသာ ဆက်လိုက်ကြတော့ဗျာ။

0 comments: