စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, April 26, 2012

စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ "ခြားနားခွန်" ပြသနာ


"ခြားနားခွန်" ပြသနာသည် မြန်မာနိုင်ငံတွင် အခွန်ဆောင်ပြီးသူများ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးတွင် Passport စာအုပ် သက်တမ်းတိုးရာ၌ နေ့စဉ်ကြုံတွေ့ ကြားသိနေရသော ပြသနာကြီး တရပ်ဖြစ်ပါသည်။

မြန်မာသံရုံးသို့ ထမ်းဆောင်ရသော အခွန်နှုန်းထားများသည် မိမိ ကိုင်ဆောင်ထားတဲ့ ပါမစ်နဲ့သာ ထမ်းဆောင်ရမည်ဟု စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ သတ်မှတ်ထားပါသည်။
ကောက်ခံသော အခွန်ပမာနမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) Work Permit - $40/ month
(၂) S-Pass - $80/month
(၃) E-Pass/ PR - $120/month
(၄) Passport စာအုပ် သက်တမ်းတိုးခြင်း - $150

စကာင်္ပူနိုင်ငံတွင် အလုပ် လုပ်နေသော မြန်မာများ အနေဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ မြန်မာနိုင်ငံသို့ ၀င်ငွေခွန် ထမ်းဆောင်ရန် မလိုတောပါ။ သို့ရာတွင် အချို့သောသူများသည် ၂၀၁၁ ဒီဇင်ဘာလ အထိ မြန်မာနိုင်ငံဘက်တွင် အခွန်ဆောင်ထားသူများ ရှိသည်။ ထိုသူများသည် မြန်မာနိုင်ငံတွင် အခွန်ဆောင်ရာ၌ မည်သည့် Status ဖြင့် စကာင်္နိုင်ငံတွင် အလုပ်လုပ်သည် ဖြစ်စေ တလလျှင် စကာင်္ပူဒေါ်လ ၄၀ နှုန်းဖြင့်သာ ပြည်တွင်း အခွန်များဦးစီးဌါနမှ တရားဝင် ကောက်ခံပါသည်။

ယခု" ခြားနားခွန်" ပြသနာသည် ၂၀၁၂ ဇန်န၀ါရီလမှ စတင်၍ အခွန်ကင်းလွတ်သည်ဟု အမိန့်ထုပ်ပြန်လိုက်သော အချိန်မှ စတင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဘက်တွင် အခွန်ထမ်းဆောင် ထားသော Work Permit ကိုင်ဆောင်သူမှ အပ ကျန်ရှိသော (S Pass/ E Pass နှင့် PR) ကိုင်ဆောင်သူ မှန်သမျှသည်အားလုံးတို့သည် စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ သတ်မှတ်ထားသော ပမာနနှင့် ကွာခြားနေသောကြောင့် ကိုကွာခြားသော ပမာနကို မြန်မာသံရုံးမှ "ခြားနားခွန်" ဟု အမည်တပ်ခါ မည်သည့် အခွန်ဥပဒေ တွင်မှ မပါရှိသော နာမည်ဖြင့် ဆက်လက် ကောက်ခံလျှက်ရှိပါသည်။

မြန်မာနိုင်ငံဘက်အခြမ်းတွင် ၂၀၁၁ ဒီဇင်ဘာလ အထိ အခွန်ထမ်းဆောင်ပြီးသော
S Pass ကိုင်ဆောင်သူသည် ခြားနားခွန် စကာင်္ပူဒေါ်လာ $40/month နှင့် E Pass and PR ကိုင်ဆောင်သူသည် ခြားနားခွန် စကာင်္ပူဒေါ်လာ $80/month နှုန်ထားဖြင့် ထပ်မံ၍ ပေးရမည်ဟု ပြောကာ သံရုံးမှ ကောက်ခံလျှက်ရှိသည်။ ထို ခြားနားခွန်ကို မဆောင်ပါက Passport စာအုပ် သက်တမ်း တိုးမပေးခြင်း၊ Passport စာအုပ် ထုပ်မပေးခြင်းတိုဖြင့် ခြိမ်းခြောက် ကောက်ခံလျှက် ရှိပါသည်။

သို့ဖြစ်ပါ၍ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့်တကွ မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန တာဝန်ရှိသူများကို မေးချင်ပါသည်။

(၁) မြန်မာနိုင်ငံတွင်၎င်း၊ စကာင်္ပူနိုင်ငံတွင်၎င်း အခွန်ဆောင်ရာ၌ အခွန်ကောက်နှုန်းထား အဘယ့်ကြောင့် တပြေးညီမဖြစ်ပဲ ကွာဟနေပါသနည်း။
(၂) မြန်မာနိုင်ငံရှိ အခွန်ဦးစီးရုံးတွင် ပေးဆောင်ပြီးသော အခွန်သည် တရားမ၀င် ထမ်းဆောင်ခြင်း ဖြစ်သည်ဟု ယူဆပါသလား။
(၃) တရားဝင်ဟု ဆိုသော် အဘယ်ကြောင့် စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ ထပ်မံကောက်ခံ ပါသနည်း။
(၄) "ခြားနားခွန်" ဟူ၍ မည်သည့် အခွန်ဥပဒေတွင် ပြဒါန်းထားပါသနည်း။
(၅) လက်ရှိ စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ ကောက်ခံနေသော "ခြားနားခွန်" ဆိုသည်ကို ယခင်က မရှိပဲ အခွန်ကင်းလွတ်ခွင့် ကြောငြာလိုက်သော အချိန်မှ စတင်၍ ပေါ်ပေါက်လာသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများ သိကြပါသလား။

အထက်ပါ မေးခွန်းများကို စကာင်္ပူနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာများ ကိုယ်စား ဖြေကြားပေးစေလိုပါသည်။

တရားမျှတပြီး တိကျမှန်ကန်သော အခွန်ဥပဒေဖြင့်သာ ကောက်ခံပါလို့ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးအား အကြံပေးရေးသားလိုက်ပါသည်။ ကလျာ ရေးသားမေးမြန်း ထားသည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ သိစေလို ဖတ်စေလိုပါသည်။

ဒီဆောင်းပါးကို လွတ်လပ်စွာ ကူးယူမျှဝေနိုင်ပါသည်။

ခင်ကလျာစိုး

0 comments: