ရန်ကုန်နဲ့မန္တလေးမြို့မှာ ဧပြီ ၉ ရက်နေ့မှာ ၂သိန်းတန် ဂျီအက်အမ် ဖုန်းတွေ
လိုင်းဖွင့်မယ်လို့ ကြေငြာထားတဲ့အတွက် ရန်ကုန် မန္တလေး ပြည်သူတွေ
တိုးကြိတ်ဝယ်ယူခဲ့ကြပါတယ်။ ဒါပေမယ့် ၀၉၄၂၁ နဲ့ စတဲ့ လိုင်းပဲ ပွင့်ပြီး
၀၉၄၂၅ နဲ့စတဲ့ လိုင်းတွေ မပွင့်သေးတာကြောင့် ဖုန်းဆက်မရဖြစ်နေလို့
ပြည်သူတွေ စိတ်ပျက်နေကြကြောင်း သတင်းရရှိပါတယ်။ တစ်ချို့ဆို ၂ သိန်းတန် ဂျီအက်စ်အမ် ဆင်းကဒ်ကို သင်္ကြန်ပိတ်ရက်ရှည်ကြောင့် ၂ သိန်း ၃ သောင်းခွဲကနေ ၂ သိန်း၅ သောင်းအထိ ဈေးပိုပေးဝယ်ခဲ့ကြရတာ ဖြစ်ပါတယ်။
0 comments:
Post a Comment