စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 25, 2012

ဝါးခယ်မမြို့ နယ် ရွှေလောင်းတိုက်နယ်၊ ရွှေလောင်းမြို့ ရှိ ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်တွင် အရက်ဆီကို ပုလင်းထဲ ပြောင်းထည့်ပြီး ချိတ်ပြိတ်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့

ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့ နယ် ရွှေလောင်းတိုက်နယ် ရွှေလောင်းမြို့ မီးလောင်မှုကို ၀ါးခယ်မမြို့ နယ်အုပ်ချုပ်ရေးနဲ့  တိုက်နယ်စခန်းမှုးတို့ က နှုတ်ပိတ်နေကြတယ်။

လွန်ခဲ့သည့် ဧပြီလ (၁၂) ရက်နေ့ ၌ ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့ နယ် ရွှေလောင်းတိုက်နယ်၊ ရွှေလောင်းမြို့ ရှိ ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်တွင် အရက်ဆီကို ပုလင်းထဲ ပြောင်းထည့်ပြီး ချိတ်ပြိတ်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။

ယင်းနေအိမ်သည် အရက်ပုလင်းများ၊ အရက်ဆီပေပါများ၊ နိုင်ငံခြားဖြစ်အရက်များကို လှောင်ထားသော နေအိမ် ဖြစ်ပါသည်။ ထိုအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားချိန်မှာ ညနေ (၆) နာရီ (၁၀) မိနစ်ခန့် တွင် လောင်ကျွမ်းခဲ့ပြီး ယင်းမီးလောင်မှုတွင် အနီးနားပတ်ဝန်းကျင်မှ အိမ်ခြေ (၈) လုံး နှင့် သင်္ဘောဆိပ်ဟောင်း ဆိုင်ခန်း (၁၁) ခန်း လောင်ကျွမ်းသွားရာ ည (၁၀) နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါ ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်တွင် အရက်ဆီမှ မီးလောင်နေသည်ကို ကိုဝင်းဦး (ခ) ကိုစာကလေးမှ မီးလောင်မှုဖြစ်ပွားရာတွင် ၀င်ရောက်ငြိမ်းသတ်ခဲ့ပါသည်။ မီးငြိမ်းသတ်ပေးရာတွင် ကူညီခဲ့သော ကိုဝင်းဦး (ခ) ကိုစာကလေးသည် ၄င်းဘေးနားတွင် ရှိသော အရက်ဆီပေပါမှ မီးစွဲလောင်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသည်။ ကိုဝင်းဦး (ခ) ကိုစာကလေးအား ၀ါးခယ်မမြို့ နယ်ဆေးရုံတွင် လေးရက် ကုသခဲ့သော်လည်း ဒဏ်ရာမသက်သာ၍ ပုသိမ်မှ နာရေးကူညီမှုကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  ခေါ်ဆောင်သွားခဲ့ပါသည်။ ယခုအခါ ကိုဝင်းဦး (ခ) ကိုစာကလေးသည် ရန်ကုန်ပြည်သူ့ ဆေးရုံ အရေးပေါ်လူနာဌာန အမှတ် (၅၊၆)၊ အခန်း (၉)၊ အခန်း (၁၀) တွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပါသည်။ ယင်း ကိုဝင်းဦးအား ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင် က တာဝန်ယူကုသပေးခြင်း မရှိသေးပါ။

ထိုသို့ မီးလောင်သွားခဲ့သော်လည်း ၀ါးခယ်မမြို့ နယ်အုပ်ချုပ်ရေး၊ တိုက်နယ်စခန်းမှုးတို့မှ အစ မီးစတင်လောင်ကျွမ်းခဲ့သောနေအိမ်မှ ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်အား အရေးယူခြင်းမျိုးကို မရှိခဲ့ပါ။ မီးလောင်ကျွမ်းခြင်းခံခဲ့ရသော နေအိမ်များမှ ကျိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရပါသည်။ ထို့ အတူ ၀ိုင်းဝန်းကူညီသူ ထိခိုက်ဒဏ်ရာရရှိမှုအားလည်း မီးလောင်ကျွမ်းရမှု တရားခံဖြစ်သူ ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်နှင့် သက်ဆိုင်ရာမှ တာဝန်ယူဆေးကုသပေးခြင်း မပြု လစ်လျူရှုနေမှုသည်လည်း မတရားသောလုပ်ရပ် ဖြစ်ပါသည်။

အရက်သိုလှောင်ရောင်းချ စီးပွားရေးရှင် ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်နှင့် ငွေကြေးရယူကာ မီးလောင်မှုအား လုံးဝအရေးယူခြင်း မရှိဘဲ နှုတ်ပိတ်နေသော ၀ါးခယ်မမြို့ နယ်အုပ်ချုပ်ရေး၊ ရွှေလောင်းတိုက်နယ်စခန်းမှုးတို့ ၏ လုပ်ရပ်အားလည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် သမတကြီးများ သိရှိစေရန် တိုင်ကြားအပ်ပါသည်။


မီးလောင်ကျွမ်းခြင်းခံခဲ့ရသော ပြည်သူများ၊

(ရွှေလောင်းတိုက်နယ်၊၀ါးခယ်မမြို့ နယ်)။

BY : Nik Nayman
 

0 comments: