စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 25, 2012

ဗကသများအဖွဲ့ ချုပ် (၀ါးခယ်မမြို့ နယ်) ၏ လူငယ်ဖွံ့ ဖြိုးရေးသင်တန်း ဖွင့်လှစ်ဆောင်ရွက်မှု။






ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် (ဗကသများအဖွဲ့ ချုပ်) ၏ ၀ါးခယ်မမြို့  နယ်ကျောင်းသားသမဂ္ဂ ဖွဲ့ စည်းပြီးနောက်၊ သမဂ္ဂအဖွဲ့ ဝင် ဗကသကျောင်းသားများအတွက် လူငယ်ဖွံ့ ဖြိုးရေးသင်တန်းကို ဆက်လက်ဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၀.၄.၂၀၁၂) ရက်နေ့ မှ (၂၄.၄.၂၀၁၂) ရက်နေ့ အထိ ဖွင့်လှစ်
သင်ကြားခဲ့ပါသည်။

လူငယ်ဖွံ့ ဖြိုးရေးသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ နိုင်ငံတွင် အကောင်အထည် ဖော်နေသော ဒီမိုကရေစီစနစ် အရှိန်အဟုန်ဖြင့် ရုပ်လုံးပေါ်လာစေရန် အရပ်ဖက်လူ့ အဖွဲ့ အစည်း အားကောင်းရမည်ဟု ယုံကြည်သဖြင့်၎င်း၊ ဗကသကျောင်းသားများ၏ နိုင်ငံရေးဆိုင်ရာအသိပညာနှင့် ကျောင်းသားလှုပ်ရှားမှုသမိုင်းကို သိရှိစေလို၍၄င်း ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

ဤသင်တန်းတွင် ဗမာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းအား ဗကသများအဖွဲ့  ချုပ်ဗဟိုကော်မတီဥက္ကဌ ကိုကျော်ကိုကိုမှလည်းကောင်း၊ လူအခွင့်အရေးဥပဒေအား ဗကသများအဖွဲ့ ချုပ်ဗဟိုကော်မတီ တိုင်းရင်းသားရေးရာကော်မတီတာဝန်ခံ ကိုနန္ဒာစစ်အောင်မှလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာ၊ Self Development ၊ Wave Theory (The Third Wave) နှင့် နိုင်ငံတော်၏ မဏ္ဍိုင်ကြီးလေးရပ်တို့ အား ဗကသများအဖွဲ
့ချုပ်ဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်မှလည်းကောင်း အသီးသီးတာဝန်ယူ သင်ကြားပေးခဲ့ကြပါသည်။


0 comments: