လာမယ့်ဆယ်ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုန်တိုင်းငယ်တခုဖြစ်ပေါ်နိုင်တယ်လို့ မြန်မာနိုင်ငံ၊မိုးလေ၀သဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဧပြီလ၁၈ရက် ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ အဲ့ဒီကြေငြာချက်မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအား နည်းရပ်ဝန်း တကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ ဖော်ပြထား ပါ တယ်။
အခု သတင်းထုတ်ပြန်ဖော်ပြချက်နဲ့ ပတ်သက်ပြီး၊မိုးလေ၀သဌာနက လက်ထောက်ညွှန်ကြားရေးမှုး ဦးချစ်ကျော် ကို ကိုရွှေအောင်က ဧပြီလ ၁၉ရက်မှာ ဆက်သွယ်မေးကြည့်ထားပါတယ်။
0 comments:
Post a Comment