စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, April 23, 2012

အန်အယ်လ်ဒီ အမတ်သစ်များ မပါဘဲ လွှတ်တော်အစည်းအဝေး စတင်




ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်သစ်တွေ မပါဘဲ နေပြည်တော် လွှတ်တော်အသီးသီးမှာ ပုံမှန်အစည်းအဝေးတွေ ဒီကနေ့ ပြန်လည်ကျင်းပနေပါတယ်။

လွှတ်တော်တက်ဖို့ ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုရမယ့်ထဲမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ စာသားကို အန်အယ်လ်ဒီက သဘောမတူနိုင်တာကြောင့် ပြင်ဆင်ပေးဖို့ကိစ္စ ညှိနှိုင်းနေဆဲမို့ လွှတ်တော်တက်ဖို့ မဖြစ်နိုင်သေးတာလို့ အန်အယ်လ်ဒီက ပြောကြားထားပါတယ်။

ဒီနေ့ လွှတ်တော်အစည်းအဝေး ပြန်စနေတဲ့ နေပြည်တော်မှာ အမျိုး သားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီကနေ အန်အယ်လ်ဒီပါတီကို ကူး ပြောင်းတဲ့ အမတ်တဦးဖြစ်သူ ဒေါက်တာမြတ်ဥာဏစိုးကလွဲလို့  တခြား အန်အယ်လ်ဒီအမတ်တွေ နေပြည်တော်မှာ တွေ့ရခြင်း မရှိပါဘူး။

ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ကျမ်းကျိန်တဲ့စာသားကို ပြင်ဆင်နိုင်ရင် နောက်နေ့ရက်ပိုင်းတွေမှာ အန်အယ်လ်ဒီအမတ်တွေ လွှတ်တော်တက်နိုင်ဖွယ် ရှိတယ်လို့လည်း မျှော်လင့်နေကြပါတယ်။

ဒါပေမယ့် ဒီကိစ္စဟာ ဖွဲ့ စည်းပုံပြင်ဆင်ရေးကိစ္စဖြစ်လို့ အလွယ်တကူ ပြင်ဆင်လို့ မရနိုင်ဘဲ လွှတ်တော်ထဲမှာ အများစုနေရာယူထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမတ်တွေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေ အပေါ်မှာ မူတည်နေတယ်လို့ လွှတ်တော်အမတ်တဦးဖြစ်သူ ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောပါတယ်။

ခုတကြိမ်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ပထမဆုံး တက်ဖွယ်ရှိတဲ့အတွက် ပြည်တွင်း ပြည်ပသတင်းထောက် ၂၀၀ ကျော် တက်ရောက်သတင်းယူနေကြပါတယ်။

DVB

0 comments: