စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, April 30, 2012

မြန်မာနိုင်ငံရဲ့ လူဦးရေအတိအကျကိုသိနိုင်ဖို့ လာမယ့်(၂၀၁၄)ခုနှစ် သန်းကောင်စာရင်း ကောက်ယူမည်



မြန်မာနိုင်ငံရဲ့ လူဦးရေအတိအကျကိုသိနိုင်ဖို့ လာမယ့်(၂၀၁၄)ခုနှစ်
သန်းကောင်စာရင်း ကောက်ယူရေးလုပ်ငန်းတွေ အဆင်ပြေအောင် နည်းပညာအရရော ၊ငွေကြေးအရပါ ထောက်ပံ့ကူညီ သွားမယ်လို့
ကုလသမဂ္ဂအဖွဲ့က ဒီကနေ့ ပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့သန်းကောင်စာရင်းကို (31)နှစ်အတွင်းနိုင်ငံတကာ
စံနှုန်းတွေအတိုင်း ကောက်ခံသွားဖို့ ကုလသမဂ္ဂက ကူညီမယ့် အကြောင်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း နဲ့ ဒုသမ္မတဒေါက်တာ
စိုင်းမောက်ခမ်းတို့ နေပြည်တော် မှာ သဘောတူလက်မှတ်ရေးထိုးလိုက်တာ
ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံမှာ သန်းကောင်စာရင်းကောက်ယူမယ့်ကိစ္စကို မစ္စတာဘန်ကီမွန်းက အားတက်သရော ကြိုဆိုလိုက် ပြီး၊ တိုင်းရင်းသား အပစ်ရပ်နယ်မြေတွေက လူဦးရေစာရင်းကောက်ခံနိုင်ရေး ဟာလည်း အရေးကြီးကြောင်း၊ ဒါကြောင့် အပစ်ခတ်ရပ်စဲရေးတွေ အမြန်ဆုံး
အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

သန်းကောင်စာရင်း ကောက်ယူရေးအတွက် ကုလသမဂ္ဂနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက
ကတိပေးပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ သန်းကောင်စာရင်းကို ၁၉၈၃ခုနှစ်က နောက်ဆုံးအကြိမ်
ကောက်ခံခဲ့ပါတယ်။

RFA Burmese
 

0 comments: