စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 18, 2012

ကူညီရေးလုပ်ငန်းတွေအတွက် ဘဏ္ဍာရေးပိတ်ဆို့မှု တချို့ အမေရိကန် လျှော့ပေါ့




အမေရိကန်ပြည်ထောင်စု က မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေအနက် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှု တချို့ ကို အင်္ဂါနေ့က လျှော့ချပေးလိုက်ပါတယ်။

ဧပြီလ (၄) ရက်နေ့  က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ကလင်တန် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ အညီ အမေရိကန် ဘဏ္ဍာရေး
ဝန်ကြီးဌာနက အခုလို လျှော့ချပေးတာဖြစ်ပါတယ်၊ အဲဒီတုန်းက နိုင်ငံခြားရေး
ဝန်ကြီး ကလင်တန်က ကြားဖြတ်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့တဲ့ အပေါ် အမေရိကန် အနေနဲ့ ပြန်လည် တုံ့ ပြန်မယ်လို့ 
ကြေညာခဲ့တာပါ။

အခုလို ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှု တချို့လျှော့ချ ပေးလိုက် တာကြောင့် မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံသားတွေ ရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေ၊ ဒီမိုကရေစီ မြင့်တင်ရေး ဆိုင်ရာ လုပ်ငန်းတွေဟာ ဘဏ္ဍာရေး ဆိုင်ရာကန့်သတ်မှုတွေ ကနေ လွတ်ကင်းသွားပြီ ဖြစ်ပါတယ်၊

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ပြောခွင့်ရပုဂ္ဂိုလ် Mark Toner က - အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီှးဌာနက မြန်မာနိုင်ငံမှာ ကုသိုလ်ဖြစ် လူမှုရေးလုပ်ငန်း တွေ အတွက် ဘဏ္ဍာရေးဆိုင်ရာကန့် သတ်မှုတွေကို လျှော့ချပေးလိုက်ပါတယ်၊ ဒီလုပ်ငန်းတွေထဲမှာ ကျန်းမာရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ကောင်းမွန်တဲ့ အစိုးရဖြစ်ရေးလုပ်ငန်း စတာတွေ ပါဝင်ပါ တယ် လို့ ပြောဆိုပါတယ်။

ကန့် သတ်မှုတချို့ ရုပ်သိမ်းလိုက်တဲ့အတွက် အမေရိကန် ဘာသာရေး မစ်ရှင်တွေအနေနဲ့ လည်း မြန်မာနိုင်ငံမှာ ငွေကြေးသုံးစွဲနိုင်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီရေးကို ဆန့် ကျင်တဲ့ပုဂ္ဂိုလ်တွေနဲ့ လူ့အခွင့်အရေး
ဖေါက်ဖျက်ကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေ အတွက်ကတော့ ဒီလျှော့ချမှုတွေ ဟာ အကျုံးမဝင်ဘူးလို့ သိရပါတယ်။

RFA Burmese
 

0 comments: