စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, June 16, 2012

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆုလက်ခံခြင်းအထိမ်းအမှတ်မိန့်ခွန်းကောက်နုတ်ချက်





ဟိုး..လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာတုန်းက တစ်ခါတလေ အဲဒါဟာ ဘ၀ပေါင်းများစွာအ ကြာကလို့တောင် ထင်ရမယ်။ အဲဒီတုန်းက ကျွန်မဟာ အောက် စဖို့ဒ်မြို့မှာ ကျွန်မသားငယ် အလက်ဇန်းဒါးနဲ့အတူ Desert Island Discs ရေဒီယိုအစီအစဉ် ကို နားထောင်နေခဲ့မိပါတယ်။

ဒီအစီအစဉ်ဟာ နာမည်ကြီးအစီ အစဉ်တစ်ခုဖြစ်ပြီး (ကျွန်မ သိရ သလောက်လည်း ဆက်ပြီး နာ မည်ကြီးဆဲ)ဖြစ်ကာ အဲဒီမှာ ဘ၀ နယ်ပယ်ပေါင်းစုံက ပုဂ္ဂိုလ်တွေကို လူသူဝေးတဲ့ကျွန်းတစ်ခုမှာသောင် တင်ရတဲ့အခါ(သူတို့အကြိုက်) ဓာတ်ပြားရှစ်ချပ်၊ သမ္မာကျမ်းစာနဲ့ ရှိတ်စပီးယားစာပေါင်းစုမပါ (သူ တို့အကြိုက်) စာအုပ်တစ်အုပ်အ ကြောင်းနဲ့ ကိုယ်လိုချင်တဲ့ ဇိမ်ခံ ပစ္စည်းတစ်ခုအကြောင်းကိုပြောဖို့ ဖိတ်ကြားဟောပြောလေ့ရှိပါတယ်။ စီအစဉ်ဆုံးတော့ ကျွန်မတို့ နှစ် ခြိုက်ကျေနပ်မိပြီး အလက်ဇန်းဒါး က ကျွန်မကိုမေးပါတယ်။ ဒီ Desert Island Discs အစီအစဉ် မှာ စကားပြောဖို့ ဖိတ်ကြားခံ ကောင်း ခံရမယ်လို့ မေမေတွေး ဖူးလားတဲ့။ ““ဘာကြောင့်မဖြစ်နိုင် ရမှာလဲ”” ကျွန်မ ပေါ့ပေါ့ပါးပါးနဲ့ ပြန်ပြောမိတယ်။

ဒီအစီအစဉ်မှာ ပါဝင်တတ်တာ နာမည်ကျော်တွေ ချည်းပဲဆိုတာ ယေဘုယျအားဖြင့် သူသိထားပေမယ့် တကယ့်စိတ် ၀င်တစားနဲ့ သူက ကျွန်မကို ဘာ အကြောင်းကြောင့် ကျွန်မကိုဖိတ် ကြားလိမ့်မယ်ထင်သလဲလို့ မေးပါ တယ်။ ကျွန်မလည်း တစ်ခဏ လောက်စဉ်းစားပြီး အဖြေပေးမိ တယ်။ ““ဘာကြောင့်လဲဆို အမေ က စာပေနိုဗယ်ဆုဆွတ်ခူးခံရလို့ အဖိတ်ခံရကောင်းခံရမှာပေါ့””လို့။ ပြီးတော့ ကျွန်မတို့ နှစ်ဦးရယ်မိ ကြရော။ ဒီအလားအလာဖြစ်နိုင် ခြေဟာ ကျေနပ်စရာကောင်းပေ မယ့် ဖြစ်နိုင်ခဲလှပါတယ်။အခုတော့ ဒီအဖြေကို ဘာ ကြောင့် ကျွန်မ ပေးရလဲမမှတ်မိ တော့ပါဘူး။

 ဖြစ်နိုင်တာက ကျွန်မ ဟာ အဲဒီ မကြာခင်လေးက နိုဗယ် ဆုရသူတစ်ဦးရေးတဲ့ စာအုပ်တစ် အုပ်ဖတ်ထားမိတော့ ဒါမှမဟုတ် အဲဒီအချိန်က Desert Island မှာပါတဲ့ နာမည်ကြီးတစ်ဦးဦးဟာ ကျော်ကြားတဲ့ စာရေးဆရာဖြစ် နေတာမျိုး ဖြစ်ကောင်ဖြစ်နိုင်ပါ တယ်။ ၁၉၈၉ မှာ ကွယ်လွန်သူ ကျွန်မခင်ပွန်း မိုက်ကယ်အဲရစ် ဟာ ကျွန်မရဲ့ ပထမအကြိမ် နေ အိမ်အကျယ်ချုပ်ကာလအတွင်း ကျွန်မကိုတွေ့ဖို့ ရောက်လာခဲ့ပါ တယ်။ သူက ကျွန်မကို မိတ်ဆွေ တစ်ဦးဖြစ်တဲ့ ဂျွန်ဖင်းနစ်က ကျွန်မကို နိုဗယ်ငြိမ်းချမ်းရေးဆု ဆန်ခါတင်းစာရင်းအတွက် အဆို ပြုထားကြောင်းပြောပါတယ်။

အဲဒီတစ်ကြိမ်မှာ ကျွန်မရယ်မိ တယ်။ ရုတ်တရက်တော့ မိုက် ကယ်လည်း အံ့သြသွားပုံပါပဲ။ ဒီနောက်တော့ ကျွန်မဘာကြောင့် ရယ်မောမိလဲဆိုတာ သူနားလည် သွားတယ်။ နိုဗယ်ငြိမ်းချမ်းရေးဆု တဲ့လား။ ကျေနပ်စရာ အလားအ လာတစ်ခု။ ဒါပေမဲ့ တော်တော် လေး မဖြစ်နိုင်တာပေပဲ။ ဒါ့ ကြောင့် နိုဗယ်ငြိမ်းချမ်းရေးဆုကို ကျွန်မ တကယ်ချီးမြှင့်ခံလိုက်ရ တော့ ကျွန်မ ဘယ်လိုခံစားခဲ့ရပါ သလဲ။ ဒီမေးခွန်းက ကျွန်မဆီ အကြိမ်များစွာပေါ်လာတယ်။ ဒါဟာ တကယ်လည်း ကျွန်မအ တွက် နိုဗယ်ဆုဆိုတာ ဘာကိုဆို လိုတာလဲဆိုတာကိုစူးစမ်းကြည့်ဖို့ နဲ့ကျွန်မအတွက် ငြိမ်းချမ်းရေးဆို တာ ဘာကိုဆိုလိုတာလဲဆိုတာကို စူးစမ်းဖို့အသင့်တော်ဆုံးအခြေအ နေပါပဲ။အင်တာဗျူးတွေမှာ ကြိမ်ဖန် များစွာ ပြောခဲ့သလိုပါပဲ။

 တစ်ည နေမှာ ရေဒီယိုကနေ နိုဗယ်ငြိမ်း ချမ်းရေးဆုကို ကျွန်မ ဆွတ်ခူးခဲ့ ပြီလို့ သတင်းကြားခဲ့ရတာပါ။ အံ့ သြစရာတစ်ခုအဖြစ်နဲ့ ဒီသတင်း ဟာ အတူတွဲဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ အကြောင်က အဲဒီ မတိုင်ခင်တစ်ပတ်ကပဲ ရေဒီယို အသံလွှင့်ဌာန အတော်များများ မှာ သေချာပေါက် ဆုရမယ့်သူ တစ်ဦးအဖြစ် သတ်မှတ်ထားခဲ့ ကြလို့ပါ။ ဒီမိန့်ခွန်းကို အကြမ်း ရေးနေစဉ်အတွင်း ကျွန်မဟာ ဆု ကြေညာခံရတော့ ကိုယ့်ရဲ့လတ် တလောတုံ့ပြန်မှုက ဘာဖြစ်ခဲ့လဲ ဆိုတာ မှတ်မိဖို့ အတော်ကြိုးစား ယူခဲ့ရပါတယ်။ ကျွန်မ ထင်တာ ကတော့ သေချာမပြောနိုင်ပေ မယ့် ““အိုး..သူတို့တော့ ဒီဆုကို ငါ့ကို ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီ”” ရယ်လို့ ဆိုတာမျိုး တစ်ခုခုဖြစ်ပါ လိမ့်မယ်။ အဲဒီတုန်းက ခံစားမှု ဟာ သိပ်စစ်မှန်ပုံမပေါ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ့အ ချိန်တုန်းက ကျွန်မဟာ ကိုယ့် ကိုယ်ကိုယ်လည်း စစ်မှန်တယ်လို့ မခံစားခဲ့ရလို့ဖြစ်ပါတယ်။နေအိမ်အကျယ်ချုပ် ခံရတဲ့ နေ့တွေအတွင်း တစ်ခါတလေမှာ ဆို အဲဒါ(ဆုချီးမြှင့်ခံရခြင်း)ကို ကျွန်မဟာ တကယ့် ကမ္ဘာ့လော ကရဲ့ အစိတ်အပိုင်းတစ်ခုဖြစ် မနေနိုင်တော့သလိုကို ခံစားမိတာ ပါ။

ကျွန်မရဲ့ ကမ္ဘာဟာ အိမ်တစ် လုံးဖြစ်ခဲ့တယ်။ မလွတ်လပ်ပေ မယ့် ထောင်တစ်ခုထဲမှာပဲ အသိုင်း အ၀ိုင်းတစ်ခုလို အတူတကွနေနေ ကြရတဲ့ တခြားလူတွေရဲ့ ကမ္ဘာ လည်း ရှိခဲ့မယ်။ ပြီးတော့ လွတ် လပ်တဲ့ကမ္ဘာတစ်ခုလည်းရှိမယ်။ ဒါတွေ တစ်ခုချင်းစီဟာ ကွဲပြား ခြားနားတဲ့ စကြ၀ဠာတစ်ခုထဲမှာ ကိုယ်ပိုင်သီးခြားအစီအစဉ်နဲ့ လှုပ် ရှားနေတဲ့ ခြားနားတဲ့ဂြိုဟ်တစ်ခု စီပါပဲ။ နိုဗယ်ငြိမ်းချမ်းရေးဆုက ကျွန်မကို နောက်တစ်ကြိမ် ကျွန်မ နေတဲ့ အထီးကျန်နေရာလေးရဲ့ အပြင်ဘက်က တခြားလူသား တွေရဲ့ ကမ္ဘာဆီ ဆွဲခေါ်သွားတဲ့ အချက်ကတော့ ကျွန်မအတွက် လက်တွေ့အရှိဆုံး တရားအမြင် တစ်ခုကို ပြန်သိုမှီးဖို့ဖြစ်ပါတယ်။ ဒါဟာ ချက်ချင်းကြီးဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရက်တွေ၊ လတွေကြာလာပြီး ဆုနဲ့ပတ်သက် လို့ တုံ့ပြန်တဲ့သတင်းတွေ လေ လှိုင်းတွေပေါ်က ရောက်လာချိန် မှာ နိုဗယ်ဆုရဲ့ ထူးခြားမှုကို ကျွန်မ စတင်သဘောပေါက်လာပါတော့ တယ်။

ငြိမ်းချမ်းရေးအပေါ် မြန် မာ့အယူအဆကို ““ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတို့ ကို ဆန့်ကျင် ကာကွယ်ထားတဲ့ အချက်တွေ ရပ်ဆိုင်းသွားခြင်းမှ ထွက်ပေါ် လာတဲ့ပျော်ရွှင်ရမှု””အဖြစ် ရှင်းပြ နိုင်ပါတယ်။ “ငြိမ်းချမ်း”ဆိုတဲ့ မြန် မာစကားလုံးကို တိုက်ရိုက်ဘာ သာပြန်ရရင် မီးတစ်ခုငြှိမ်းသတ် လိုက်တဲ့အခါ ရလာတဲ့ အကျိုးအ မြတ်ရှိတဲ့ အေးချမ်းမှု beneficial coolness အဖြစ် ဘာသာပြန်နိုင် ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဒုက္ခ မီးတွေနဲ့ သဘောထားကွဲ လွဲမှုမီး တွေ တောက်လောင်လျက်ရှိနေပါ တယ်။ ကျွန်မရဲ့ တိုင်းပြည်မှာ လည်း မြောက်ဘက်ဖျားဒေသမှာ ရန်လိုမှု အပြီးမသတ်သေးပါဘူး။

အနောက်ဖက်ဒေသမှာဆိုလည်း ဒီနေ့ ဒီကိုရောက်လာဖို့ ထွက်လာ တဲ့ ကျွန်မရဲ့ခရီးစဉ် မစတင်မီ ရက်အနည်းငယ်မှာပဲ မီးရှို့မှု၊ သတ်ဖြတ်မှုတွေနဲ့ လူအုပ်စု အကြမ်းဖက်မှုတွေဖြစ်နေပါတယ်။ တချို့နေရာတွေမှာ မျိုးဖြုတ်သတ် ဖြတ်မှုသတင်းတွေဟာ မြေပေါ် လျှံတက်နေပါတယ်။ ငတ်မွတ်မှု၊ ရောဂါဘယ၊ နေရာရွှေ့ပြောင်း ခံရမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ဆင်း ရဲနွမ်းပါးမှု၊ တရားမျှတမှုကင်းမဲ့ ခြင်း၊ ခွဲခြားဖိနှိပ်ဆက်ဆံခြင်း၊ အယူအစွဲတွေနဲ့ အာဃာတ တရားတွေ ဒါတွေဟာ ကျွန်မတို့ နေ့စဉ် စားသုံးနေရတာတွေပါပဲ။ နေရာတိုင်းမှာ အဖျက်စွမ်းအား တွေက ငြိမ်းချမ်းရေးရဲ့ အခြေခံ အုတ်မြစ်တွေကို စားသုံးပစ်နေကြ တယ်။ ကျွန်မတို့ ကမ္ဘာကြီးမှာ ပျော်ရွှင်မှုနဲ့ အေးချမ်းမှုကို ထိန်း သိမ်းဖို့ မရှိမဖြစ်လိုအပ်တဲ့လူ သား ရင်းမြစ်တွေနဲ့ ရုပ်ဝတ္ထုတွေကို အဆင်ခြင်မဲ့ သုံးဖြုန်းမှုကို နေရာ တိုင်းမှာတွေ့နိုင်ပါတယ်။

7Day News Journal

0 comments: