ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ဇွန်လ ၆ ရက်နေ့ (ယနေ့)တွင် ပြုလုပ်သည့် ထိုင်းနိုင်ငံခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ကျေနပ်ကြောင်း၊ ကြိုဆိုမှုများမှာလည်း နွေးထွေးမှု ရှိပါကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် မကြာသေးမီရက်များက ဖြစ်ပွားခဲ့သောဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးနှင့် နောက်ကွယ်တွင် လှုံ့ဆော်သူများ ရှိ၊ မရှိ စိုးရိမ်မိကြောင်း၊ ပြည်သူများ ဒေါသကို အခြေခံ မဆောင်ရွက်ကြပါရန် ဇွန်လ ၆ ရက်နေ့ (ယနေ့) နံနက် ၁၁ နာရီ မိနစ် ၃၀ တွင် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သည့် ထိုင်းနိုင်ငံခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Eleven Media Group
0 comments:
Post a Comment