မေလ ၉ ရက် (ဗုဒ္ဓဟူးနေ့) က ပျက်ကျခဲ့သည် Sukhoi super-jet 100 လေယာဉ်တွင် ပါဝင်သော ခရီးသည် အားလုံး ပွဲချင်းပြီး သေဆုံးခဲ့သည်။
ခရီးသည်များမှာ အင်ဒိုနီးရှား ၃၃ ဦး၊ ရုရှား ၈ဦး၊ အီတလီ ၂ ဦး၊ ပြင်သစ် ၁ ဦး၊ အမေရိကန် ၁ ဦး တို့ ပါဝင်ကြောင်း သိရသည်။
မေလ ၁၀ ရက်နေ့က ဂျာဗားကျွန်းအနောက်ဘက် Bogor တောင်စောင်းတွင် ပျက်ဆီးနေသော လေယာဉ်နှင့် သေဆုံးသူ အလောင်းများကို ပြန်လည်တွေ့ရှိခဲ့သည်။
သေဆုံးသူခရီသည်အချို့၏ မိသားစုဝင်များ ငိုကြွေးနေမှုကို ယခုကဲ့သို့ တွေ့မြင်ရသည်။ နောက်ဆုံးသတင်များအရ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၅၀ ဝန်းကျင်ရှိပြီး အားလုံး သေဆုံးခဲ့ကြောင်း သိရသည်။
Ref:news.cn
0 comments:
Post a Comment