စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, December 10, 2011

တရုတ်၊ မြန်မာ၊ လော၊ ထိုင်း မဲခေါင်မြစ်ထဲ ပူးပေါင်း ကင်းလှည့်ပြီ



ယမန်နေ့က ယူနန်ပြည်နယ်တွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော တရုတ် လုံခြုံရေးတပ်ဖွဲ့ဝင်များ မဲခေါင်မြစ်တလျှောက် ပထမဆုံးအကြိမ် ကင်းလှည့်ရန် အသင့်ဖြစ်နေကြသည်။

မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် မြစ်အတွင်း ပူးတွဲလုံခြုံရေး ယူမည့် အစီအစဉ်သည် ယနေ့ စနေနေ့တွင် စတင်မည်ဟု တရုတ်နိုင်ငံက ပြောသည်။

ထိုသို့ ပူးတွဲ လုံခြုံရေး ယူရန် ထိုနိုင်ငံများနှင့် သဘောတူထားပြီး ဖြစ်သည်။

မကြာသေးမီက တရုတ်သင်္ဘောသား ၁၃ ဦး မဲခေါင်မြစ်အတွင်း သတ်ဖြတ်ခံရမှုအပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။

ထိုသတ်ဖြတ်မှုသည် မြန်မာ၊ လာအို၊ ထိုင်း ၃ နိုင်ငံ ဆုံတွေ့ရာ ရွှေတြိဂံဒေသတွင် ဖြစ်ပွားခဲ့ပြီး ယနေ့အထိ အမှုမှန် ပေါ်ပေါက်လာခြင်း မရှိသေးပေ။

ကနဦးတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း လှုပ်ရှားနေသည်ဟူသော လက်နက်ကိုင်အဖွဲ့တခု၏ လက်ချက်ဟု ခန့်မှန်းမှုတချို့ပေါ်ထွက်ခဲ့ပြီး မကြာမီမှာပင် ထိုင်းစစ်သား ၉ ဦးက ထိုအမှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ အဖမ်းခံခဲ့ကြသည်။ ထိုစစ်သားများကို စစ်ဆေးမှုနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုမှု ထိုင်းအစိုးရထံမှ ထွက်ပေါ်မလာသေးပေ။



(ဓာတ်ပုံ – Xinhua)


တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကုလသမဂ၏ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အစီအစဉ်များတွင် ပါဝင်ခဲ့ဖူးသည်။ သို့သော်လည်း ကုလသမဂ၏ သဘောတူညီမှု မပါဘဲ ပြည်ပနိုင်ငံများတွင် လုံခြုံရေးတာဝန် ယူခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ဖွယ် ရှိသည်။

ယခု အစီအစဉ်သည် လာအို၊ မြန်မာ ကဲ့သို့သော် ဒေသတွင်း နိုင်ငံများအပေါ် တရုတ်၏ စီးပွားရေးထိုးဖောက်ဝင်ရောက်မှုနှင့်အတူ နိုင်ငံရေးသြဇာ ကြီးမှုကို ထင်ဟပ်နေသည်ဟု AP သတင်းတပုဒ်တွင် သုံးသပ်ထားသည်။

တရုတ်၏ သြဇာလွှမ်းမှုကို အိမ်နီးချင်းနိုင်ငံတို့ စိုးရိမ်နေကြရာ တရုတ်က ယခု အစီအစဉ်ကို နိုင်ငံရေးအရ စွန့်စားလိုက်ခြင်းဖြစ်ဖွယ်ရှိကြောင်း၊ တချိန်တည်းတွင် အမေရိကန်နှင့် ပိုမို ရင်းနှီးမှု ရှာနေကြကြောင်း သုံးသပ်ထားသည်။

အမေရိကန်ကလည်း အီရတ်၊ အာဖဂန် ဒေသ စစ်ဆင်ရေးတို့ကို အဆုံးသတ်နေချိန်တွင် ပစိဖိတ်ဒေသသို့ ပြန်လည်အာရုံစိုက်နေချိန်ဖြစ်သည်ဟု AP သတင်းက ဆိုသည်။



0 comments: