စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, December 28, 2011

ထိုင်းနိုင်ငံသို့ မြန်မာအပါအ၀င် ကမ္ဘာလှည့် ခရီးသွားများ ၀င်ရောက်လည်ပတ်မှု ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိ


ထိုင်းနိုင်ငံသို့ မြန်မာလူမျိုး များအပါအ၀င် ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်မှု ပုံမှန်အနေအထား သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

ထိုင်းနိုင်ငံသည် နှစ်ပေါင်းများစွာ အတွင်း အဆိုးရွားဆုံးသော ရေကြီးမှုများကို ရင်ဆိုင်ခဲ့ရကာ စီးပွားရေးအရ ဆုံးရှုံးမှုများ၊ လူသေဆုံးမှု များကို ရင်ဆိုင်ခဲ့ရကြောင်း၊ ခရီးသွားလုပ်ငန်းကို အဓိကထားလုပ်ကိုင်ရာ ဘန်ကောက်မြို့သို့ ရေ၀င်ရောက်မှု များရှိလာသည့်အတွက် ခရီးသွား အ၀င်ကျဆင်းမှု ပုံမှန်ထက်လျော့ကျ ခဲ့ရကြောင်း သိရှိရသည်။

“အခုတော့ ပုံမှန်ပြန်ဖြစ်နေပါပြီ။ ဘန်ကောက်မြို့ပေါ်မှာလည်း ရေမရှိတော့ဘူး။ ပြည်နယ်တချို့ မှာတော့ ကျန်နေသေးတယ်။ အများစုကတော့ ရေကျပါပြီ။ ခရီးသွား အ၀င်က ပုံမှန်ပါပဲ။ ဘန်ကောက်က ခရီးသွားအလာများတဲ့ နေရာတွေမှာ ပုံမှန်ခရီးသွားရှိနေတာကို တွေ့ရပါတယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ မြန်မာလူမျိုးတစ်ဦးက ပြောပြသည်။

မြန်မာလူမျိုးများ ပြည်ပသို့ခရီးစဉ်များ စီစဉ်ထွက်ခွာမှုတွင် ထိုင်းနိုင်ငံသည် သွားရောက်မှု အများဆုံးဖြစ်ပြီး ဘန်ကောက်မြို့မှာ အဓိက ခရီးစဉ်ဒေသတစ်ခု ဖြစ်သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ လအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည့် မြန်မာလူမျိုး များ၏ ခရီးစဉ်များ နိုဝင်ဘာလသို့ ရွှေ့ဆိုင်းခဲ့ကြောင်း၊ တစ်ဖန် ဒီဇင်ဘာလအတွင်းသို့ ပြန်လည်ရွှေ့ ဆိုင်းခဲ့ပြီး ယခုအခါတွင် ခရီးသွား သွားရောက်မှု ပုံမှန်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“ဘန်ကောက်ခရီးစဉ်တွေက ပုံမှန်ဖြစ်နေပါပြီ။ စင်ကာပူကိုလည်း အသွားများတယ်။ အခေါက်ရေတိုးပြီး ပြေးဆွဲနေရပါတယ်” ဟု MAI မှ Marketing Manager မအေးမရသာ က ပြောပြသည်။

မြန်မာနိုင်ငံသားများ ပြည်ပ ခရီးစဉ်များ ထွက်ခွာလည်ပတ်မှုသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပိုမို လာခဲ့ကာ ထိုင်း၊ စင်ကာပူ၊ မလေး ရှားနိုင်ငံများသို့ သွားရောက်မှု အများဆုံးဖြစ်သည်။ နောက်ပိုင်းတွင် ခရီးသွားကုမ္ပဏီများနှင့် လေကြောင်း လိုင်းများမှ Package Tour စီစဉ်မှု များ များပြားလာသည့်အတွက် ခရီး သွား သွားရောက်မှု ပိုမိုတိုးတက်လာခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံသို့ လက်ရှိတွင် ပြင်သစ်၊ ဂျာမန်၊ ရုရှား စသောခရီးသွားများ အပါအ၀င် အာရှနိုင်ငံများထဲမှ တရုတ်၊ ကိုရီးယား၊ ဂျပန် စသည့် ခရီးသွားများလည်း လာရောက်မှုရှိနေသည်။

0 comments: