စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 11, 2011

နေပြည်တော်ရှိ သံတမန်ဇုန်တွင် ပထမဆုံးသံရုံးအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက သံရုံးတည်ဆောက်ရန် မြေနေရာရွေးချယ်ပြီးစီး၍ တည်ဆောက်ရန် စီစဉ်နေ

နေပြည်တော်ရှိ သံတမန်ဇုန်တွင် ပထမဆုံးသံရုံးအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက သံရုံးတည်ဆောက်ရန် မြေနေရာရွေးချယ်ပြီးစီး၍ တည်ဆောက်ရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် သံရုံးတည်ဆောက်မည့်နေရာသို့ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ရောက်ရှိလာပြီး သံရုံးတည်ဆောက်မည့်နေရာရှိ အထိမ်းအမှတ်ကျောက်တိုင်ကို ဖွင့်လှစ်ပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သံရုံး တည်ဆောက်မည့်မြေနေရာသည် ၅ ဒသ မ ၇၄ ဧက ကျယ်ဝန်းပြီး ပေ ၅၀၀ ပတ်လည်ကျယ်ဝန်းကြောင်းနှင့် သံ တမန်ဇုန်တွင်သံရုံးများ တည်ဆောက်ဖွင့်လှစ်နိုင်ရန်အတွက် ပေ ၅၀၀ ပတ်လည် အကွက်ပေါင်း ၁၂၀ ခန့်ရှိကြောင်း သိရှိရသည်။

အဆိုပါ သံတမန်ဇုန် မြေနေရာသည် ရာဇသင်္ဂဟလမ်းမကြီးဘေး နေပြည်တော် ဟိုတယ်ဇုန်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သံရုံးတည်ဆောက်ရန်မြေနေရာ ရွေးချယ်ပြီးသကဲ့သို့ အိန္ဒိယသံရုံး၊ တရုတ်သံရုံး၊ ရုရှားသံရုံးနှင့် ဆော်ဒီအာရေ ဗျသံရုံးများ တည်ဆောက်ရန်အတွက် အဆိုပါနိုင်ငံများက မြေနေရာများကို ရွေးချယ် အဆိုပြုထားကြောင်း သိရှိရသည်။

0 comments: