စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 11, 2011

အချိုမှုန့်၊ အချိုရည်မျိုးစုံအပါအ၀င် တရားဝင်တင်သွင်းမှု ကန့်သတ်ထားသော ကုန်ပစ္စည်းငါးမျိုးအား တရားဝင် တင်သွင်းခွင့်ပြု



အချိုမှုန့်၊ အချိုရည်မျိုးစုံအပါအ၀င် ပြည်တွင်းသို့ တရားဝင်တင် သွင်းမှုကန့်သတ်ထားသော စား သောက်ကုန်ပစ္စည်းငါးမျိုးအား ယခု အခါ တရားဝင်တင်သွင်းရန် ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန တာဝန်ရှိသူများ ထံမှ သတင်းရရှိပါသည်။

ပြည်တွင်းသို့ တရားဝင်တင်သွင်းမှု ကန့်သတ်ထားသည့် စားသောက်ကုန်ပစ္စည်းအမျိုးအစား စုစုပေါင်း ၁၅ မျိုးရှိပြီး ယင်းတို့အထဲမှ ငါးမျိုးကို တင်သွင်းရန် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါတရားဝင် တင်သွင်းခွင့်ပြုလိုက်သည့် စားသောက်ကုန် ပစ္စည်းငါးမျိုးတွင် အချိုမှုန့်၊ အချိုရည်မျိုးစုံ၊ ဘီစကွတ်မျိုးစုံ၊ ခေါက်ဆွဲခြောက်နှင့် စည်သွပ်ဘူးများ ပါဝင်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးဖြင့် ဖြစ်စေ၊ ပုံမှန်ကုန်သွယ်ရေးဖြင့် ဖြစ်စေ တင်သွင်းခွင့်ပြုသွားဖြစ်သော်လည်း ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်ငန်းများ မထိခိုက်စေရန် အကန့်အသတ်ထား၍ တင်သွင်းခွင့်ပေးမည်ဖြစ်သည် ဟုလည်း သိရသည်။

''တင်သွင်းခွင့်ကိုတော့ ပြုပေးလိုက်ပါပြီ။ တင်သွင်းရဖို့အတွက်တော့ ကျွန်တော်တို့ ရုံးပိုင်းဆိုင်ရာတွေ Run နေရတဲ့အတွက် ၂၀၁၂ နှစ်ဆန်းပိုင်းလောက်အထိ အချိန်ယူရနိုင်ပါတယ်။ ငါးမျိုးစလုံးကို တင်သွင်းခွင့်ပြုမှာပါ။ ပြည်တွင်းလုပ်ငန်းတွေ မထိခိုက်ဖို့အတွက် အကန့် အသတ်နဲ့ တင်သွင်းခွင့်ပြုသွားမှာပါ'' ဟု နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''ကောင်းပါတယ်။ မဟုတ်ရင်လည်း အောက်လမ်းကနေသွင်းပြီး ရောင်းနေကြတာပဲ။ စူပါမားကတ်တွေမှာတောင် ခေါက်ဆွဲခြောက်တွေ တင်ရောင်းနေတာလေ။ တရားမ၀င်သွင်းပြီး တရားဝင်ရောင်းနေတာ လျော့သွား မှာပေါ့။ နောက်တစ်ချက်က ပြည်တွင်းက စားသောက်ကုန် ထုတ်တဲ့လုပ်ငန်းရှင်တွေကျတော့ အခွန်အမျိုးမျိုးနဲ့ပေးပြီး ထုတ်ရတဲ့အတွက် အောက်လမ်းကသွင်းလာတာကို မယှဉ်နိုင်ဘူး။ ဈေးကွက် မပြိုင်နိုင်ဘူး။ အခုလို တရားဝင်သွင်းခွင့်ပေးတော့ သူတို့လည်း အခွန်ဆောင်ရမှာဖြစ်လို့ ပြည်တွင်းထုတ်လုပ်သူတွေ အတွက်လည်း နည်းနည်းတော့ကောင်းမှာပါ။ ဒါပေမယ့် တရားဝင် သွင်းခွင့်ပြုထားတာတောင် တရားဝင်နည်းနည်းပဲပြ တရားမ၀င်အောက်လမ်းကနေ ဆက်သွင်းနေရင်တော့ မလွယ်ဘူးပေါ့'' ဟု ပြည်တွင်းရှိ စားသောက်ကုန်ထုတ်လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။

0 comments: