စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, December 14, 2011

'ဏ' အက္ခရာကားများ ခေတ္တရပ်နားမည် ဆိုသည်မှာ ကောလာဟလ သာဖြစ် 'ည' အက္ခရာကားများ အပြီးတွင် ဆက်တိုက် အပ်နှံရမည်

'ည'အက္ခရာကားဟောင်းများ အပ်နှံပြီးသည်နှင့် 'ဏ'အက္ခရာ ကားဟောင်းများ ဆက်တိုက်မအပ်နှံရဘဲ လနှင့်ချီ နားရမည်ဆိုသည့်သတင်းမှာ ကောလာဟလသာဖြစ်ကြောင်းနှင့် 'ည' အက္ခရာ ကားဟောင်းများအပ်နှံ ပြီးစီးသည်နှင့် ပုံမှန်အတိုင်းပင် 'ဏ' အက္ခရာကားဟောင်းများကို ဆက် တိုက်အပ်နှံရမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ကားဟောင်းများ အပ်နှံမှုအသိုင်း အ၀ိုင်းအတွင်း 'ည'အက္ခရာ ကား ဟောင်းများအပ်နှံပြီးသည်နှင့် 'ဏ' အက္ခရာကားဟောင်းများ အပ်နှံမှုကို လက်မခံသေးဘဲ ရပ်နားထားမည် ဆိုသည့်သတင်းထွက်ပေါ်ခြင်းကြောင့် ကားဟောင်းပါမစ် ဈေးကွက်အတွင်း ဈေးနှုန်းအပြောင်းအလဲများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ ရထားပို့ဆောင်ရေးဝန်ကြီးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ''မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုလည်း ညွှန်ကြားမထားပါဘူး။ ပြင်ပမှာ ထွက်ပေါ်နေတဲ့ 'ည' အက္ခရာပြီးရင်'ဏ'အက္ခရာအပ်နှံမှုကို ရပ်ထားဦးမယ်ဆိုတာ မဟုတ်ပါဘူး။ ဆက်တိုက်အပ်နှံကြရမှာပါ။ ကျွန်တော်တို့က နယ်၊ ရန်ကုန် စသည်ဖြင့် တစ်နိုင်ငံလုံးက ယာဉ်ဟောင်းပိုင်ရှင်တွေ ကားအပ်နှံတဲ့အခါအပ်တဲ့ ယာဉ်များပြီး အကြာကြီး တန်းစီကြ ရမှာ စိုးလို့ သံရည်ကျိုစက်ကို အရင်ဆုံးဆက်သွယ်ပြီးသွားဖို့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်သုံးခုကိုပါ အဆင် ပြေအောင် ထည့်ပေးလိုက်တာပါ။ ဒါကို ဘယ်ကနေ ဘယ်လိုဖြစ်တယ်ဆိုတာတော့ မသိဘူး။ အအပ် လက်မခံ ဘူးကနေ 'ဏ'အက္ခရာနားမယ်ဆိုတာပါ ထွက်ပေါ်ခဲ့တာ။ အဲဒါက ကောလာဟလပဲဖြစ်ပါတယ်။ အပ်နှံတဲ့အခါ သံရည်ကျိုစက်မှာ ကားတွေ တန်းစီပြီး အချိန်ကြန့်ကြာမှုမရှိအောင် ဖုန်းဆက်ပြီးမှ အပ်ရင် ပိုအဆင်ပြေသလို တစ်ခါတစ်ရံ သံရည်ကျိုစက်မှာ နည်းနည်းစောင့်ရတာတော့ ရှိချင် ရှိမှာပါ။ ဥပမာ မြင်းခြံကနေ ကားသွားအပ်ရမယ့်သူတွေကျတော့ သံရည်ကျိုစက်ဖုန်းဆက်ပြီးသွားတာ ပိုကောင်းတာပေါ့။ သွားရတဲ့ခရီး ကဝေး ဟိုရောက်ရင် အကြာကြီး မစောင့်ရအောင် လုပ်ပေးတာပါ''ဟု ပြောကြားခဲ့ပါသည်။

ငါ့ခွင်ထဲရောက်လာရင် ညစ်ပတ်ပစ်လိုက်မယ်။ နှိပ်စက်လိုက်မယ်။ ကြောက်သွားအောင် ခြောက်ပစ်လိုက်မယ်။ နောင်ကြဉ်သွားအောင် လုပ်ပစ်လိုက်မယ်ဆိုတဲ့ စိတ်တွေထားပစ်ခဲ့ရမယ်။ တိုင်းပြည်ရဲ့ အပြောင်းအလဲကာလမှာ တွေ့ကြုံရတဲ့ အခြေအနေပေါ်ကနေ အဖြေရနိုင်မယ့်နည်းလမ်းကို အားလုံးစဉ်းစားပြီး သွားရမယ်


ဒီဇင်ဘာလ ၉ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကားဟောင်းအပ်နှံပြီးစီးသည့် အစီးရေမှာ ၂၀၆၀၀ ကျော် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

'ဏ'နံပါတ်များ နားရမည်ဆိုသည့် ကောလာဟလကြောင့် ကားပါမစ်ဈေးများ မြင့်တက်ခြင်းမှာ ဈေးမြင့်တက်လို ဈေးကစားလိုသည့်သဘောဖြင့် ထုတ်လွှင့်ခြင်းဖြစ်နိုင်ကြောင်း ကားဈေးကွက်အတွင်းမှ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

''ဘာမှလုပ်လို့မရဘူး။ စည်းကမ်းတွေများလွန်းလို့ တစ်ဦးချင်းအတွက် မဖြစ်နိုင်တဲ့စည်းကမ်းတွေများလွန်းတော့ သွင်းဖို့ဘယ်လိုမှ မတတ်နိုင်ဘူး။ စီးပွားကူးသန်း ဦးဆောင်တဲ့ OSS အဖွဲ့က ထုတ်ပြန်ထားတဲ့ စည်းကမ်ချက် တွေကြောင့်ပါ။ ကားစီးစေချင်တဲ့ စေတနာနဲ့ ချပေးတာမဟုတ်သလို ဖြစ်နေတယ်။ ဘဏ်စာရင်းမှာရှိတဲ့ ငွေအခွန်ကျေပြီးကြောင်းပြရသလို ဒေါ်လာ ၁၀၀၀၀ ကနေ ၅၀၀၀၀ ကြား ၀င်ငွေရှိ မရှိ ပြရဦးမယ်တဲ့။ မရှိလို့ သင်္ဘောလိုက်နေရတာ ဘယ်လိုပြနိုင်မလဲ။ မသွင်းနဲ့ မပြောရုံတစ်မယ်ဖြစ်နေပြီ စည်းကမ်းတွေက။ ကျွန်တော်တို့လည်း ပါမစ်ရရင် ရောင်းစားချင်တာပေါ့။ အခုတော့ စည်းကမ်းတွေကြောင့် ပါမစ်ဈေးက ကျပ် သိန်း ၃၀ လောက်ပဲ တန်တော့တယ်။ ခုတော့ ကိုယ့်အိတ်ထဲက စိုက်ပေးနေရသလို လုပ်နေတယ်။ တခြားဟာတွေကျတော့ ဟထားတယ်။ မရှိမဲ့ရှိမဲ့နဲ့ သွင်းရမယ့်သူတွေ ကျတော့ ကျပ်တည်းနေတာပဲ'' ဟု သင်္ဘောသားတစ်ဦးက ပြောကြားခဲ့သည်။

'' 'ဏ'နံပါတ်သတင်းကြောင့် ကားရာချီရှိတဲ့သူတွေ အလုပ်ဖြစ်သွားတယ်။ ပြည်သူလူထုက ကားကိုဈေး သက်သက်သာသာနဲ့ စီးချင်တယ်၊ ဒါကိုအစိုးရအနေနဲ့လည်း ခွင့်ပြုပေးခဲ့တယ်။ ဒါပေမယ့် စည်းကမ်းချက်တွေ များလွန်းတယ်။ စည်းကမ်းချက်တွေများပြီး တင်းကျပ်တာက Corruption ပါပဲ။ ဥပမာ Estima ကားတွေကို တားဆီးထားတယ်၊ မပြေးသော်လည်း ကန်ရာရှိ၊ ဦးပိုင်ကလည်း Estima တွေ အများကြီး သွင်းထားတယ်။ ဒါကတော့ ပြောကြမှာပဲလေ။ ကားအရောင်းစင်တာ လုပ်ငန်းရှင်တွေကိုကြည့် ပါမစ်မရှိဘဲ ကြိုက်သလောက် သွင်းလို့ရတယ်။ ပါမစ်တွေ ဒီမှာကြိုဝယ်ထားမယ်၊ ပြီးရင်အပြင်မှာကားဈေးတက်အောင် လုပ်ပြီး လုပ်စားမယ်။ ဒါတွေက သူ့ ဟာသူလုပ်လို့တော့မရဘူး၊ Policy Maker တွေနဲ့ ပေါင်းထားမှရတာ။ ဒီတော့ 'ဏ'နံပါတ်ကားတွေ သုံးလ လောက်နားထားမယ်ဆိုပြီးကောလာ ဟလလွှင့်တယ်။ သုံးလဆိုတဲ့အတွက် ကားဈေးက အပြင်မှာ လှုပ်လာတဲ့အတွက် ကားအစီးရေ ရာနဲ့ချီဝယ်ထားတဲ့သူတွေ ဘယ်လောက်မြတ်မလဲ။ အဲဒီလို ကောလာဟလ လွှင့်တဲ့သူတွေက အစီးရေ ရာထောင်ချီလုပ်ကိုင်တဲ့ လုပ်ငန်းရှင်ကြီးတွေ၊ Car Sale Center လုပ်ငန်းရှင် တွေပဲ။ သူတို့က ဒီလိုပဲဈေးကစားပြီး လုပ်စားလာတာ။ နောက် Policy Maker တချို့နဲ့ပေါင်းပြီး သူတို့အကျိုးအတွက် လုပ်တယ်။ ၀န်ထမ်းငယ်တွေချည်းပဲ ဖိအားပေးလို့မရဘူး''ဟုလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

''၀န်ထမ်းတွေ အပါအ၀င် အစိုးရအဖွဲ့ရဲ့ထိပ်ဆုံးကနေ အောက်ဆုံးကသူတွေကိုလည်း ဟိုအရင် စနစ်ဆိုးကလို ကိုယ်က မဟုတ်တာလုပ်လို့ မမှန်တာလုပ်လို့ အကြောက်တရားနဲ့ မနေစေချင်ပါဘူး။ စိတ် ရှင်းရှင်းသန့်သန့်နဲ့ နေစေချင်တယ်။ တိုင်းပြည်အတွက် တကယ်ကိုကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်ထားတွေရှိရင် ဘာမှကြောက်စရာမလိုပါဘူး။ ကျွန်တော်တို့ သတင်းမီဒီယာတွေနဲ့ ပတ်သက်ရင်လည်း စိတ်ရှင်းရှင်းသန့်သန့် ထားစေချင် တယ်။ လာဘ်ပေး လာဘ်ယူကိစ္စတွေမှာ ဆိုရင်လည်း ကျွန်တော်တို့ ထိန်းထိန်းသိမ်းသိမ်းပဲ ရေးတယ်။ ကျွန်တော်တို့သိသလောက်သာ ရေးရမယ်ဆိုရင် အခြေအနေတွေက အများကြီး ပေါက်ကွဲသွားနိုင်တယ်။ တိုင်းပြည် အတွက် နစ်နာမယ့်ကိစ္စမျိုးကိုတော့ ကျွန်တော်တို့ ဘယ်တော့မှမလုပ်ဘူး။ လူတစ်ဦးချင်းနစ်နာမယ့် ကိစ္စမျိုးတွေ မလုပ်ဘူး။ ခေတ်တွေစနစ်တွေက ပြောင်းလဲလာပါပြီ။ ခေတ်ဟောင်းစနစ်ဟောင်းက လာဘ်ပေး လာဘ်ယူ အကျင့်ဆိုးတွေကို ဖျောက်ထားဖို့ လိုပါတယ်။ ငါ့ခွင်ထဲရောက်လာရင် ညစ်ပတ်ပစ်လိုက်မယ်။ နှိပ်စက်လိုက်မယ်။ ကြောက်သွားအောင် ခြောက်ပစ်လိုက်မယ်။ နောင်ကြဉ်သွားအောင် လုပ်ပစ်လိုက်မယ်ဆိုတဲ့ စိတ်တွေ ထားပစ်ခဲ့ရမယ်။ တိုင်းပြည်ရဲ့ အပြောင်းအလဲကာလမှာ တွေ့ကြုံရတဲ့ အခြေအနေပေါ်ကနေ အဖြေရနိုင်မယ့် နည်းလမ်းကို အားလုံး စဉ်းစားပြီးသွားရမယ် ဟု ''Weekly Eleven News ဂျာနယ်မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။

''မြန်မာ့စီးပွားရေး မူဝါဒ ကောင်းမွန်မလာသေးဘူး။ အောက်ခြေလူထုဟာ အပြောင်းအလဲရဲ့ အကျိုးဆက်တွေကို မခံစားရသေးဘူးဆိုတာ နိုင်ငံတော်သမ္မတကြီးနဲ့ ၀န်ကြီးတွေအပါအ၀င် အစိုးရအဖွဲ့အနေနဲ့ သတိပြုမိမှာပါ။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှာပါ။ ၀န်ထမ်းတွေကိုလည်း အပြစ်ဖြစ်လာမှ အရေးယူတာထက် အပြစ်မဖြစ်ခင်ကတည်းက သတိပေးရမယ်။ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်း(Society) ကို အပြစ်တွေ ရှာဖွေတတ်တဲ့၊ အပြစ်တင်တတ်တဲ့၊ အပြစ်ပေးအရေးယူဖို့ သာတတ်တဲ့ လူ့အဖွဲ့အစည်းမဖြစ် စေလိုပါဘူး။ အပြစ်ဆိုတာ မဖြစ်ခင် ကြိုတင်ကာကွယ် အသိပေးတတ်တဲ့သူမျိုးတွေ ဖြစ်စေချင်တယ်။ အပြစ်တွေ လုပ်လာခဲ့ရင်လည်း အပြစ်တွေအပေါ် စနစ်တကျ ဝေဖန်သုံးသပ်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြုပြင်မှု၊ အပြစ်ပေးမှုကို မျှမျှတတလုပ်တဲ့သူတွေ ဖြစ်စေချင်ပါတယ်။ ပြည်သူလူထုကို ဖိစီးစေတဲ့ လာဘ်ပေးလာဘ်ယူ မျိုးကိုတော့ တိုက်ဖျက်သင့်ပါပြီ။ လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာ မူဝါဒတွေချမှတ်ဆုံးဖြတ်ပေးရတဲ့သူမျိုးတွေကို ထိန်းညှိဖို့ကျတော့ သမ္မတကြီးပဲ လုပ်နိုင်ပါတယ်။ မြန်မာဟာ အိမ်တစ်အိမ်ဆိုရင် မိုးပက်ခံရတာနဲ့ မိုးယိုခံရတာ ဘယ်ဟာ ပိုပျက်စီးစေမလဲ။ ခေါင်တော့လုံဖို့ လိုပါတယ်''ဟု ၎င်းက ပြောကြားခဲ့ပါသည်။

0 comments: