စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 19, 2011

KIO နှင့် ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဖွဲ့ပြီး

ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်ထောင်စုအဆင့် 'နိုင်ငံရေး ဆွေးနွေးရန်' ဦးအောင်သောင်း ခေါင်းဆောင်သော ၁၁ ဦးပါ အဖွဲ့ ဖွဲ့စည်းထားကြောင်း အသိပေးစာအား ကချင်လွတ် မြောက်ရေးအဖွဲ့ KIO ကို ယမန်နေ့က လက်ခံ ရရှိကြောင်း KIO ပြောခွင့်ရ ဦးလနန်က ပြောသည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးရေး အဖွဲ့အား သီးသန့်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အမိန့်စာကို KIO ကို ယမန်နေ့က အီးမေးလ်မှတဆင့် တရားဝင် အသိပေးလာခြင်း ဖြစ်သည်။

“နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် အကြောင်းကြားခြင်းဆိုကာ ဦးအောင်သောင်း၏ လက်မှတ်
ရေးထိုးထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တာဝန်
ပေးအပ်ပြီး ဖြစ်ပါကြောင်း”ဟု ဦးလနန်က ပြောသည်။


မြန်မာအစိုးရ၏ အထူးကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်များ နှစ်ဖက် အပစ်ခတ် ရပ်စဲနိုင်ရေး အတွက် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ် ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးကြစဉ် Photo:: KIO။

အစိုးရဘက်မှ တရားဝင်အကြောင်းကြားလာသဖြင့် KIO အဖွဲ့အနေဖြင့်လည်း ဗဟိုကိုယ်စားလှယ်အဖွဲ့ ပြန်လည် ဖွဲ့စည်းပြီးနောက် အစိုးရထံ တရားဝင် ထပ်မံစာပို့မည်ဟု ဦးလနန်က ပြောသည်။

လက်ရှိ ရှေ့တန်းနေရာများတွင် နှစ်ဘက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီးရဘက်မှ လက်နက်နှင့် စစ်အင်အား များကို ဆက်လက် ပို့တောင်နေသည်ဟု ဦးလနန်က ပြောသည်။

“အင်အားလျော့သွားတာ မရှိဘူး။ နဂိုရှိပြီးသား အခြေစိုက်နေတဲ့နေရာကို လက်နက်တွေ ရိက္ခာတွေ ယာဉ်တန်းနဲ့ ပို့နေပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ၁ ဖြစ်သည့် အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဒုတိယ
ခေါင်းဆောင် ဝန်ကြီး ဦးသိန်းဇော်တို့က ပြီးခဲ့သည့် သောကြာနေ့က ဒီဇင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်၌ သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပခဲ့ပြီး မြန်မာပြည် မငြိမ်းချမ်း၍ ကမ္ဘာက အထင်သေးကြောင်း၊ ထို့ကြောင့် ယခုအစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးကို ရအောင်လုပ်မည်ဖြစ်ကြောင်း
ပြောဆိုသွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် ဒီဇင်္ဘာ ၁ဝ ရက်နေ့က ထုတ်ပြန်လိုက်သော်လည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ဦးအောင်သောင်းက ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်ခြင်းမဟုတ်ဘဲ စစ်ရေးသဘောအရ ဖြစ်နေခြင်း သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ဘယ်လိုဟာမျိုးလဲဆိုတော့ ဥပမာ ဝေးလံတဲ့နေရာမှာ သူက ရိက္ခာ ခုနစ်ရက်စာလောက် ရှိတယ်။ ခုနစ်ရက် စာ ကုန်ပြီဆိုရင် ကျနော်တို့က ရိက္ခာကို ငါးရက်မြောက်တဲ့နေ့မှာ စပို့တယ်။ အဲဒီပို့တဲ့အခါမှာ လမ်းခရီးမှာ သူကလည်း မသိဘူး၊ ကိုယ်ကလည်း မသိဘူး ဒီအမိန့်တွေ ထုတ်ပြန်တာ။ အဲဒီအခါမှာတော့ မှားယွင်း ပစ်ခတ်မှု ရှိနိုင်ပါတယ်။ ဒီလိုပစ်ခတ်နေလို့ အမိန့်ပေးတာက တမျိုး၊ ဒီလို ပစ်ခတ်မှုက ရှိနေပါသေးတယ်ဆိုတာ သူတို့ ဝေဖန်လို့၊ အပြစ်တင် လို့ မရပါဘူး။ စစ်ရေးစစ်ရာသဘောမှာ ဒီလို ရှိပါတယ်”ဟု ဦးအောင်သောင်းက သတင်းထောက်များကို ပြောခဲ့ သည်။

“ကိုယ်က သိသော်ငြားလည်းပဲ သူက မသိရင် ခက်တယ်။ အဲဒီတော့ ဒီလို အနေအထားလေးတွေ ရှိတယ်။ ဒီလိုလုပ် လို့ သမ္မတ အမိန့်ပေးပါလျက်နဲ့ ဒီလိုချည်း လုပ်နေတယ်၊ ဒါ မုန့်တမျိုး တုတ်တမျိုးဖြစ်နေတယ်လို့ ဒီလို ပြောလို့မရ ဘူး၊ ဒီလို ဝေဖန်လို့ မရဘူး။ ဒါက သဘာဝရဲ့၊ စစ်ရေးစစ်ရာသဘောဝနဲ့ စစ်ဆင်ရေး နယ်မြေရဲ့ သဘော သဘာဝလေးကို သိဖို့ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေတာ ဖြစ်ပါတယ်ဆိုတာကို ကျနော် ပြောလိုပါတယ်”ဟု ဆက်ပြောသည်။

ငြိမ်းချမ်းရေးအရ တဆင့်ချင်း ဆောင်ရွက်နေသည့် လုပ်ငန်းများအရ ခန့်မှန်းခြေ ၃ နှစ်၊ ၄ နှစ် ကြာမြင့်နိုင်မည်ဟု ဦးအောင်သောင်းက ပြောဆိုသွားသည်။

သို့သော် ထိုသတင်းစာရှင်းလင်းပွဲတွင် ဒုတိယခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း ပါဝင်ခြင်း မရှိခဲ့ပေ။

KIO နှင့်အစိုးရခေါင်းဆောင်များ ယခင်လ နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံခဲ့စဉ် KIO ဘက်က အပစ်အခတ် ရပ်ဆိုင်းရေး မဟုတ်ဘဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးလိုကြောင်း စာပို့ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေထိုင်နေရသော စစ်ပြေး ဒုက္ခသည်ပေါင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာ၊ မိုင်ဂျာယန်၊ ဗန်မော်၊ မိုးမောက်၊ မန်စီ စသည့်မြို့နယ်များအတွင်း စစ်ပြေးဒုက္ခသည်ပေါင်း ၄၆ဝဝဝ ကျော်ရှိနေသည်ဟု KIO က ထုတ်ဖော်ပြောဆိုထားသည်။

အလားတူ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် စသည့်မြို့နယ်များအတွင်းရှိ စစ်ပြေးဒုက္ခသည်များကို ကူညီထောက်ပံ့ခဲ့ သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၏ ရန်ကုန်အခြေစိုက် နာရေးကူညီမှုအသင်းမှ သိန်းပေါင်း ၂ဝဝ ကူညီခဲ့မှုခြင်း အား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက် ကူညီမည်ဆိုပါက ကြိုဆိုကြောင်းလည်း KIO ဒုက္ခသည်များ ကူညီရေး
ကော်မတီက ဒီဇင်ဘာ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။

စဉ်ငြိမ်းချမ်းရေးအဖွဲ့ဝင် နာမည်များရာဝူး
ဦးအောင်သောင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)အဖွဲ့ခေါင်းဆောင်
ဦးအောင်မင်း (မီးရထားဝန်ကြီး)ဒု - အဖွဲ့ခေါင်းဆောင်
ဦးသိန်းဇော် (တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ)ဒု - ခေါင်းဆောင်
ဦးအုန်းမြင့် (သမဝါယမနှင့် မွေးမြူရေးဝန်ကြီးဌာန)အဖွဲ့ဝင်
ဦးဝင်းထွန်း (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ပြည်ထောင်စုဝန်ကြီး)အဖွဲ့ဝင်
ဦးလဂျွန်ငံဆိုင်း (ကချင်ပြည်နယ် ဝန်ကြီးချုပ်)အဖွဲ့ဝင်
ဗိုလ်ချုပ် ဇေယျအောင် (တိုင်းမှူး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်)အဖွဲ့ဝင်
ဗိုလ်ချုပ် ဇော်ဝင်း (ဒု - ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန)အဖွဲ့ဝင်
ဦးထွန်းသိန်း (ခ) ဦးထွန်းထွန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မန်စီ)အဖွဲ့ဝင်
၁၀ဦးခက်ထိန်နန် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မြစ်ကြီးနား)အဖွဲ့ဝင်
၁၁ဗိုလ်မှူးကြီး ကျော်စိုးဝင်း (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အဖွဲ့ဝင်)အဖွဲ့ဝင်

0 comments: