စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 26, 2011

မိုဘိုင်းဖုန်း Sim Card အသစ် ပြန်လည်လျှောက်ထားခြင်းအား ပုဂ္ဂလိကလုပ်ငန်းများနှင့် ပူးပေါင်း၍ One Stop Service စနစ်ဖြင့် လုပ်ဆောင်သွားရန်ရှိ


ပျောက်ဆုံး၊ ပျက်စီးသွားသည့် မိုဘိုင်းဖုန်း Sim Card များပြန်လည်လျှောက်ထားရာတွင် လွယ်ကူလျင် မြန်စေရန်အတွက် ပုဂ္ဂလိကလုပ်ငန်း များနှင့် ပူးပေါင်း၍ One Stop Service စနစ်သို့ မကြာခင် ပြောင်းလဲ လုပ်ဆောင်သွားရန် ရှိကြောင်း သတင်းအချက်အလက်နှင့် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။

“ Sim Card တွေပျက်ရတဲ့ အကြောင်းရင်း အမျိုးမျိုးရှိပါတယ်။ ကတ်ရဲ့ အရည်အသွေး မကောင်းတာကြောင့်လည်း ပါသလို အရည်အသွေးမကောင်းတဲ့ ဟန်းဆက်တွေ ကြောင့်လဲ ဖြစ်တတ်တယ်။ Sim Card တစ်ကတ်ရဲ့တန်ဖိုးကလည်း ဘယ်လောက်မှမရှိပါဘူး။ တကယ်တန်း သုံးစွဲသူတွေ လိုလားကြတာက ဘယ်လောက် လွယ်လွယ်နဲ့ ပြန်လဲပေးမလဲဆိုတဲ့ Service ပဲလို့ ထင်တယ်။ အဲဒီအပိုင်းကို ကောင်းအောင်လုပ်ပေးဖို့အတွက် ပုဂ္ဂလိကနဲ့ပေါင်းပြီး လုပ်ပေးသွားမယ်။ အခုဆိုကတ်ပျက်တာကို ငါးသောင်းချတယ်။ လဲ တာကိုလည်း မြန်မြန်လုပ်ပေးနေတယ်။ တစ်ဆင့်ပြန်ဝယ်ထားတဲ့ ဖုန်းတွေမှာဆိုရင် အရင်ပိုင်ရှင်ရဲ့မှတ်ပုံတင်မိတ္တူ တောင်းတာမျိုးတွေကို ဖြေလျှော့ပေးသွားမယ်။ ဒါတွေမလိုတော့ အောင်လုပ်ပေးမယ်။ နောက်ပြီး ပန်းဆိုးတန်းရုံးတို့ ဘာတို့ကို လာစရာမလိုတော့ဘဲ Private မှာတင် One Stop Service နဲ့ဘယ်လိုလုပ်ပေးနိုင်မလဲ ဆိုတာမျိုးတွေပေါ့။ အခုလည်း မိုဘိုင်း ဖုန်းတွေနဲ့ပတ်သက်လို့ One Stop Service စနစ်တွေ အောင်မြင်ရေးအတွက် Work Shop တွေ လုပ်နေပါပြီ”ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။

လတ်တလော ကာလတွင် မိုဘိုင်းဖုန်း Sim Card အသစ်လျှောက်ထားရာ၌ တယ်လီဖုန်းဌားရမ်း သုံးစွဲခြင်း ကတိပဋိညာဉ်စာချုပ်မူရင်းနှင့် မိတ္တူ၊ ပိုင်ရှင်၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ ကိုယ်စားလှယ်ဖြင့် လျှောက် ထားပါကပိုင်ရှင်၏ မှတ်ပုံတင်မိတ္တူ နှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်း နှင့် မိတ္တူများလိုအပ်ပြီး ကတ်ပျက်ဖြစ်ပါကSim Card အပျက်ပါတင်ပြရမည်ဟု သိရသည်။ Sim Card အသစ် ထုတ်ပေးခြင်းအတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသို့ ငွေကျပ် ငါးသောင်းပေးသွင်းရမည် ဖြစ်သည်။

အဆိုပါကတ်ပျက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး၌ ကတ်ပျက် လာရောက် လျှောက်ထားသူတစ်ဦးက “Sim Card ပျက်လို့ ပြန်လျှောက်ဖို့လာတာ ဖောင်ကုန်နေပြီဆိုလို့ပွဲစား ဆီက၀ယ်ရတယ်။ လျှောက်ရခက်တယ်။ နှစ်ပတ်လောက်ကြာတယ်ဆိုလို့ ပွဲစားနဲ့လျှောက်ဖို့ ဈေးမေးတော့ နှစ်သောင်းကျမယ်ဆိုလို့ ကိုယ့်ဟာကိုယ်ပဲ ဘယ်လောက်ခက်ခက် လျှောက်ဖို့ပဲလုပ်ခဲ့တယ်။ ကတ်ဖိုးကလည်း ငါးသောင်းပြန်သွင်း ရဦးမယ်ဆိုတော့ အကုန်အကျ အရမ်းများသွားလိမ့်မယ်။ ကတ်ဖိုးပြန်သွင်းငွေ ဒီထက်ပိုလျှော့ ပေးရင် ကောင်းမယ်”ဟု ပြောကြားခဲ့သည်။

0 comments: