စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, December 13, 2011

နည်းနည်းလေးဖြန့်တွေးကြည့်ပါ


ဒါဟာ ... ကလေးတွေ အတွက်သာမက လူလားမြောက်ပြီးသူတွေဖို့လည်း
အသုံးဝင်ပါလိမ့်မယ်။ နည်းနည်းလေးဖြန့်တွေးကြည့်ပါ။

ကျနော်တို့ ... မြန်မာတွေ

တွန့်ဆုတ် ရှက်ရွံ့နေကြသလား?

ရှုံ့ချ ဝေဖန်တတ် နေကြသလား?

ဖြီးဖြန်းလိမ်ညာတတ် နေကြသလား?

ရန်လို ရိုင်းစိုင်း နေကြသလား?

တကယ်တော့ အဲဒါဟာ ကျနော်တို့ သမိုင်းမှာ

ဘယ်လိုဖြတ်သန်းခဲ့ရသလဲဆိုတာနဲ့ အများကြီးဆိုင်ပါတယ်။

သက်ဦးဆံပိုင်စနစ်ကထွက် ကိုလိုနီစနစ်အောက်ဝင်၊

တစ်ခါ ကိုလိုနီစနစ်ကထွက် ဖက်ဆစ်စနစ်အောက်ဝင်၊

ဖက်ဆစ်စနစ်ကထွက် ဆိုရှယ်လစ်အာဏာရှင်စနစ်အောက်ဝင်။

ဘယ်မှာများ လူကို လူလို ဆက်ဆံခံခဲ့ရလို့ပါလဲ။

အခုကစပြီး လူကိုလူလိုမြင်တဲ့ စိတ်တွေ ထားကြရအောင်။

တွန့်ဆုတ် ရှက်ရွံ့၊ ရှုံ့ချ ဝေဖန်၊ ဖြီးဖြန်း လိမ်ညာ၊ ရန်လို ရိုင်းစိုင်း နေတတ်ကြရင်လဲ

သိပယ်ဆိုက်ပွား ဆိုတဲ့ စကားအတိုင်း

အမှန်ကိုသိလို့ အကျင့်ဟောင်းကိုပယ်လို့ ကျွန်စိတ်ကိုဖျောက် သခင်စိတ်ရောက်အောင်

မြန်မာရဲ့ လင်းပွင့်ဖြူစင်တဲ့ စရိုက်စစ် ဗီဇစစ်ဆီ ပြန်သွားကြရအောင် !!!


သွန်းနေစိုး Thorn Nay Soe

0 comments: