စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 11, 2011

မြန်မာနိုင်ငံ၌ တီဘီလူနာသစ်များတွင် ၁၀ ရာခိုင်နှုန်းကျော် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရ

မြန်မာနိုင်ငံတွင် တွေ့ရှိရသော တီဘီလူနာသစ်များ၏ ၁၀ ရာခိုင်နှုန်းကျော်မှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်က ပြောကြားပါသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်ဆေးရုံကြီး တိုးချဲ့ဝင်းအတွင်းရှိ အမျိုးသားတီဘီ တိုက်ဖျက်ရေးဌာနတွင် ပြုလုပ်ခဲ့သော Targeted Media Campaing for TB Control အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါက်တာစည်သူအောင်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူနာသစ်ဖြစ်ပွားနှုန်းမှာ လူဦးရေ တစ်သိန်းတွင် ၃၈၄ ဦး၊ ခန့်မှန်း တီဘီရောဂါဖြစ်ပွားနှုန်းမှာ လူဦးရေ တစ်သိန်းတွင် ၅၂၅ ဦး၊ ခန့်မှန်း တီဘီရောဂါကြောင့် သေဆုံးနှုန်းမှာ လူဦးရေ တစ်သိန်းတွင် ၄၁ ဦးရှိ ကြောင်းလည်း သိရ . . .

မြန်မာနိုင်ငံတွင် တွေ့ရှိရသော တီဘီဝေဒနာရှင် လူနာသစ်များ၏ ၁၀ ဒသမ ၄ ရာခိုင်နှုန်းမှာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရကြောင်း သိရှိရသည်။

''ဘတ်ဂျက် အခြေအနေအရ ဆိုတော့ တစ်နိုင်ငံလုံးတော့ လွှမ်းခြုံတယ်လို့ မပြောနိုင်ပါဘူး။ နမူနာ နေရာ ၂၀ မှာသာ ကောက်ယူထားတဲ့စစ်တမ်းပါ'' ဟု ဒေါက်တာစည်သူအောင်က ပြောပါသည်။၂၀၁၀ ပြည့်နှစ်တွင် တွေ့ရှိခဲ့သည့် စစ်တမ်းများအရ ခန့်မှန်းတီဘီလူနာသစ် ဖြစ်ပွားနှုန်းမှာ လူဦးရေ တစ်သိန်းတွင် ၃၈၄ ဦး၊ ခန့်မှန်းတီဘီရောဂါဖြစ်ပွားနှုန်းမှာ လူဦးရေ တစ်သိန်းတွင် ၅၂၅ ဦး၊ ခန့်မှန်း တီဘီရောဂါကြောင့် သေဆုံးနှုန်းမှာ လူဦးရေတစ်သိန်းတွင် ၄၁ ဦးရှိကြောင်းလည်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံသည် တီဘီအဖြစ်အများဆုံး နိုင်ငံ ၂၂ နိုင်ငံတွင် လည်းကောင်း၊ ဆေးယဉ်ပါးတီဘီ အများဆုံးဖြစ်ပွားသည့် နိုင်ငံ ၂၇ နိုင်ငံတွင် ပါဝင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တီဘီနှင့် အိပ်ခ်ျအိုင်ဗွီစီမံချက်တို့ ပူးပေါင်းဆောင်ရွက်မှုကို ၂၀၀၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တီဘီ/အိပ်ခ်ျအိုင်ဗွီ ဒွန်တွဲဝေဒနာရှင်များအတွက် အေအာတီဆေးပေးသည့် အစီအစဉ်ကို The Union အဖွဲ့နှင့်ပူးပေါင်း၍ ၂၀၀၅ ခုနှစ် မေလ မှစ၍ မန္တလေးတိုင်းဒေသကြီးတွင် စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးနှင့် ပခုက္ကူမြို့တို့တွင် တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် လားရှိုးနှင့် တောင်ကြီးမြို့၊ ၂၀၁၁ ခုနှစ်တွင် မြင်းခြံ၊ မိတ္ထီလာ၊ မုံရွာမြို့များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တီဘီ/အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို ရှာဖွေဖော်ထုတ်ရာတွင် တီဘီလူနာများကို နှစ်သိမ့်ဆွေးနွေးပညာပေးပြီး အိပ်ခ်ျအိုင်ဗွီစစ်ဆေးခြင်း၊ အိပ်ခ်ျအိုင်ဗွီလူနာများကို တီဘီရောဂါရှိ၊ မရှိ ပုံမှန်စစ်ဆေးခြင်းဖြင့် အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံသည် ကမ္ဘာ့ တီဘီ / အိပ်ခ်ျအိုင်ဗွီ ဒွန်တွဲဖြစ်ပွားမှု အများဆုံး ၄၁ နိုင်ငံတွင် ပါဝင်နေဆဲဖြစ်ပြီး မိခင်မှ အိပ်ခ်ျအိုင်ဗွီ ကူးစက် ခံရသော ကလေးများတွင်လည်း တီဘီ / အိပ်ခ်ျအိုင်ဗွီ ဒွန်တွဲဖြစ်ပွားမှု များလည်းရှိကြောင်းသိရသည်။

တီဘီနှင့် ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်တို့ ပူးပေါင်းပြီး တီဘီလူနာသစ်များတွင် အိပ်ခ်ျအိုင်ဗွီပိုးရှိမှုနှုန်း ရှာဖွေခြင်းအတွက်မြို့နယ်များ တိုးချဲ့ဆောင်ရွက်ခြင်း၊ တီဘီလူနာများကို နှစ်သိမ့်ဆွေးနွေး ပညာပေးပြီး အိပ်ခ်ျအိုင်ဗွီ ရှိ၊ မရှိစစ်ဆေးပေးခြင်းနှင့် စစ်ဆေးမှု ပြုလုပ်နိုင်မည့် မြို့နယ်များ တိုးချဲ့ခြင်း၊ အိပ်ခ်ျအိုင်ဗွီလူနာများတွင် တီဘီရောဂါကို စောလျင်စွာရှာဖွေဖော်ထုတ်နိုင်ရန် ဆောင်ရွက်ခြင်း၊ အေအာတီ ရရှိနိုင်မည့်မြို့နယ်များ တိုးချဲ့ခြင်း၊ တီဘီနှင့်အိပ်ခ်ျအိုင်ဗွီ စီမံချက်တို့ အပြန်အလှန် လူနာညွှန်းပို့သည့်စနစ်အား ကောင်းလာစေရန် ဆောင်ရွက်ခြင်း၊ သင်တန်းများပေး ခြင်းစသည်တို့ ဆောင်ရွက်မည်ဟု သိရသည်။

0 comments: