လူငယ်တွေနိုင်ငံရေးလုပ်သင့်ကြောင်း ဒေါက်တာအောင်ထွန်းသက်ပြော
မြန်မာနိုင်ငံမှာ တစ်ဖြည်းဖြည်းပွင့်လင်းမြင်သာမှုတွေ ရှိလာတာနဲ့အမျှ လူငယ်တွေအနေနဲ့ နိုင်ငံရေး လုပ်သင့် သလို နိုင်ငံ့အရေးမှာ ပါဝင်သင့်ကြောင်း စီးပွားရေး တက္ကသိုလ်ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးကိုစိတ်ပါဝင်စားတဲ့ လူငယ်တွေကို မွေးထုတ်ပေးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ IBC ခန်းမမှာ ဇွန်လ ၁၉ ရက်နေ့ က ပြုလုပ်တဲ့ Peace , Democracy and Development Program ဆိုတဲ့ သင်တန်းအမှတ်စဉ် (၁) ဖွင့်လှစ်ပွဲမှာ သူကပြောဆိုသွားတာပါ။ Myanmar Development Resources Institute (MDRI) နဲ့ Centre for Strategic and International Studies (CSIS) တို့ ပူးပေါင်း စီစဉ်ကျင်းပတဲ့ ဒီသင်တန်းမှာ CSIS ရဲ့ Project Director လည်းဖြစ် စီးပွားရေးပါမောက္ခလည်းဖြစ်တဲ့ ဒေါက်တာ အောင်ထွန်းသက် အပါအဝင် နိုင်ငံတော် သမ္မတအကြံပေး ဦးကိုကိုလှိုင် ၊ ဒေါက်တာ နေဇင်လက်၊ Myanmar Human Resources (MHR)မှ ကျောင်းအုပ်ဆရာကြီး ဦးအေးကျော် နဲ့ အခြား ပါမောက္ခဆရာ တွေလည်းပါဝင် သင်ကြားပေးမှာဖြစ်ပြီး တစ်ပတ်ကို ၅ ရက် ၂ လကြာ အခမဲ့သင်ကြားပေးမှာဖြစ်သလို သင်တန်း ပြီးဆုံးပါက သင်တန်းဆင်း လက်မှတ်တွေကိုလည်း ထုတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
BurmaVJMedia
0 comments:
Post a Comment