စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, December 14, 2011

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့်ပတ်သက်၍ အခက်အခဲများ၊ အကြံပြုစာများ ပေးပို့နိုင်ရန် စာတိုက်ပုံးများထားပေးမည်

စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲများ၊ အကြံပြုစာများ၊ တိုင်စာများပေးပို့ရန် စာတိုက်ပုံးများ ထားရှိပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။

စီးပွား/ကူးသန်းဝန်ကြီးဌာန မှဝန်ထမ်းများ၊ လုပ်ငန်းအမှားများရှိ၍ တိုင်ကြားလိုပါက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးတို့အား လိပ်မူကာတိုင်ကြားနိုင်ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န် ကြီးတို့အား တိုင်ကြားလိုပါက နိုင်ငံတော်သမ္မတထံ လိပ်မူကာ တိုင်ကြားနိုင်ကြောင်းလည်း သိရသည်။

''ကျွန်တော်တို့ကို အကြံပြုစာတွေ ပို့ပါ။ အခက်အခဲတွေရှိရင်လည်း ပြောပါ။ အခွန်ဆိုလည်း ဘယ်အခွန်က လျော့သင့်တယ်၊ ဘယ်အခွန်က တိုးသင့်တယ်ဆိုတာမျိုး၊ ရုံးလုပ်ငန်းအဆင့်ဆင့်က ဘယ်လိုဖြစ်နေတယ်၊ အချိန်ကုန်တာလား၊ အဆင့်များနေတာလား၊ ပြည်ပကို ယှဉ်နိုင်ဖို့ ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုးတွေကို အကြုံပြုပေးကြပါ။ အဲဒီအတွက် စာတိုက်ပုံးတွေ ထားပေးသွားမယ်။ တိုင်ကြားစရာရှိရင်လည်း ကိုယ်တိုင် လက်မှတ်ထိုးပြီး တိုင်ပါ။ နာမည်ကို လျှို့ဝှက်ပေးထားမယ်။ ၀န်ကြီး၊ ဒုဝန်ကြီးဆီ လိပ်မူပြီးတိုင်ပါ။ တကယ်လို့ ကျွန်တော်တို့ဝန်ကြီး၊ ဒုဝန်ကြီးတွေကို တိုင်ချင်တယ်ဆိုရင်လည်း နိုင်ငံတော်သမ္မတထံ လိပ်မူပြီးတိုင်ပါ''ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

0 comments: