အိန္ဒိယနိုင်ငံဘက်မှ ပဲဝယ်လိုအား အထိုက်အလျောက် ကောင်းလာသောကြောင့် ယခင်ရက်ပိုင်းထက် ဒီဇင်ဘာလပထမပတ်အတွင်း မတ်ပဲဈေးမြင့်လာကြောင်း ပဲလုပ်ငန်းရှင်များထံမှ သိရှိရသည်။
ပြည်တွင်းပဲဈေးကွက်အတွင်း နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သော ကိစ္စရပ်များကြောင့် ပဲဈေးအေးခဲ့ကြောင်း၊ အလားတူ အိန္ဒိယဘက်မှလည်း ၀ယ်လိုအားနည်းခဲ့ခြင်းများကြောင့် ပြည်တွင်းပဲဈေးနှုန်းများ အကျတွင်သာ ရှိနေခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း ယခုရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံဘက်မှ ၀ယ်လိုအား အထိုက်အလျောက်ရှိလာခြင်းကြောင့် ပဲဈေးပြန်လည်မြင့်တက်လာခြင်းအပေါ် ''လက်ရှိပဲဈေးကွက်မှာ မတ်ပဲ ဈေးတက်လာတယ်။ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းက ပဲဈေးကွက်အတွင်း ငွေကြေးသိန်းပေါင်းများစွာ လိမ်လည်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မတ်ပဲဈေးအေးနေခဲ့ပါတယ်။ ခုရက်ပိုင်းမှာတော့ အိန္ဒိယဘက်က ၀ယ်လိုအား အထိုက်အလျောက်ရှိ လာတာကြောင့်ပါ ပဲဈေးမြင့်လာပါ တယ်''ဟုဘုရင့်နောင်မှ ပဲကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
ပဲဈေးကွက်အတွင်း မတ်ပဲ တစ်တန်လျှင် ယခင်ကျပ် ၄၆၅၀၀၀ ရှိခဲ့ရာမှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကျပ် ၄၈၅၀၀၀ အထိ မြင့်တက်လာခဲ့ကြောင်းနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၄၄၀၀၀၀ နှင့် ကျပ် ၄၃၈၀၀၀ ကြားရှိ နေကြောင်း သိရှိရသည်။
ဘူရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်အတွင်း နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း မတ်ပဲ အရောင်းအ၀ယ်အေးနေခဲ့ရာ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အတွင်း မတ်ပဲ SQ၊ FAQ တန်ချိန် စုစုပေါင်း ၃၇၀၀ ခန့်သာ အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း သိရသည်။
Welcome to SeekaHost
10 months ago










0 comments:
Post a Comment