စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, December 14, 2011

စီဒီအမ်အေ ၀၉၈၀ နှင့် ၇၂ ဖြင့်စသည့်ဖုန်းများ ၀န်ဆောင်မှုရပ်ဆိုင်း

ဒီဇင်ဘာလ ၁၃ရက်နေ့မှစတင်၍ ကုတ်စနစ်သုံး ၀၉-၈၀ ၊ ၇၂ နှင့်စသော CDMA ဖုန်းလိုင်းများ၏ ၀န်ဆောင်မှုကို ရပ်ဆိုင်းလိုက်ပြီး ငါးသိန်းတန်ဖုန်းများဖြင့် စတင်လဲလှယ်ပေးနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးကပြောသည်။

“CDMA ၀၉-၈၀ နဲ့ ၇၂ တို့နဲ့စတဲ့ဖုန်းလိုင်းတွေပေါ်တာကြာနေပြီလေ။ ဖျက်သိမ်းရတဲ့အဓိကအကြောင်းရင်းကတော့ အဲဒီဖုန်းတွေက နည်းပညာအရပြောရင် ခေတ်မမီတော့လို့ပါ။ စာရွက်စာတမ်းအပြည့်အစုံယူလာရင် ဘာဝန်ဆောင်ခမှ ပေးစရာမလိုပါဘူး။

သုံးစွဲသူတွေကိုတော့ သတင်းစာတွေ ၊ဂျာနယ်တွေကနေတဆင့် ကြိုတင်အကြောင်းကြား ထားပါတယ် ”ဟု ၎င်းက YPI သို့ပြောသည်။

သို့ရာတွင် ကြေညာချက်ကို သတိမမူမိသူသည့် သုံးစွဲသူများအဖို့ ရုတ်တရက် ဖုန်းလိုင်းဆက်မရ ဖြစ်သွားသဖြင့် အခက်အခဲ ဖြစ်ကြရသည် ဟု သုံးစွဲသူများကဆိုသည်။

“ကျွန်တော့်ဖုန်းက မနေ့ကစပြီးဆက်လို့မရတော့လို့ ပျက်သွားပြီထင်ပြီး ဆိုင်ပို့လိုက်တာ။ ဒီမနက်မှ အကျိုးအကြောင်းသိရတယ်”ဟု ကမာရွတ်မြို့နယ်မှ ၀၉၈၀.. ဖုန်းသုံးသူတစ်ဦးကပြောသည်။

ထိုသို့ စီဒီအမ်အေ နံပါတ်ဟောင်းများအား ၀၉၄၉၊ ၀၉၇၃ သို့မဟုတ် ဂျီအက်စ်အမ် ဖုန်းနံပါတ်သစ်များသို့ ပြောင်းလဲရာတွင် မှတ်ပုံတင်မူရင်းနှင့် စာရွက်စာတမ်း အပြည့်အစုံယူလာရရန် လိုအပ်၍ ၊မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ စာရွက်စာတမ်းကြေး ၁၅၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ကြောင်း၊ ပိုင်ရှင်အမည်ပေါက် ပြောင်းလဲလိုပါကလည်း ပြောင်းလဲနိုင်ကြောင်း ဟံသာဝတီအိတ်ချိန်းရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ထိုပြောင်းလဲလိုက်သော ဖုန်းလိုင်းများအား နေရာဒေသအလိုက် CDMA 800MHz နှင့် GSM နှစ်မျိုးစလုံးနှင့် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်းဦးဇော်မင်းဦးကဆိုသည်။

Good Faith မိုဘိုင်းဖုန်း ၀န်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကတော့ စာရွက်စာတမ်းပြည့်စုံပါက ၀န်ဆောင်ခအဖြစ် ငွေကျပ် ၃၀၀၀၀ ပေးဆောင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ စာရွက်စာတမ်းကြေး ကိုမူ မိမိဘာသာပေးသွင်းရမည်ဖြစ်၍ နှစ်ပတ်အတွင်း ရရှိစေရန်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောသည်။

အချို့သော မိုဘိုင်းဖုန်းအရောင်းဆိုင်များက ဖုန်းလဲလှယ်သည့် ၀န်ဆောင်မှု အပြီးအစီး ၁ သိန်း ၂ သောင်းကျပ် ဖြင့် ဆောင်ရွက် ပေးလျှက် ရှိကြောင်းလည်း ဖုန်းပိုင်ရှင်များကပြောသည်။

၇၂ ဖြင့်စသည့်ဖုန်းများကို ငါးသိန်းဖုန်းဖြင့် သွားရောက်မလဲလှယ်ကြသည့် အကြောင်းတချက်မှာ ၇၂ ဖြင့်စသည့်ဖုန်းများ၏ တမိနစ်ပြောဆိုခ မှာ ၂၅ ကျပ်သာကျသင့်ခြင်းကြောင့်ဟု သုံးစွဲသူများက ပြောသည်။

ဒီဇင်ဘာလ ၁၃ရက်နေ့နေ့လည်ပိုင်းတွင် ဟံသာဝတီအိတ်ချိန်းရုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဖုန်းလိုင်းပြတ်တောက်မှုကို မီးလောင်သည့်အဖြစ်အပျက်ကြောင့် ဟု ယူဆသူများလည်း ရှိသည်ကို ကြားသိရသည်။

ဝန်ဆောင်မှု ရပ်ဆိုင်းလိုက်သည့် ၀၉၈၀ နှင့် ၇၂ နံပါတ်များနှင့် စသည့် စီဒီအမ်အေ ၈၀၀ မီဂါဟတ်ဖုန်းများမှာ ၁၉၉၀ နှောင်းပိုင်းကာလနှင့် ၂၀၀၀ ခုနှစ်အစတွင် စတင်ငှားရမ်းပေးခဲ့ခြင်းဖြစ်ကာ စတင်ငှားရမ်းစဉ်က ကျပ် ငါးသိန်းပေးသွင်း ကြရသည်။ ၎င်း စီဒီအမ်အေ စနစ်သုံးဖုန်း ၂ မျိုးစလုံးမှာ ကဒ် စနစ်ဖြင့် ဟန်းဆက်အတွင်း ထည့်သွင်းသည့် ဖုန်းများမဟုတ်ပဲ နံပါတ်ကုဒ်များ ထည့်သွင်းသည့် စနစ်ဖြစ်ကြသည်။
၇၂ ဖြင့်စသည့်ဖုန်းများကို ခြင်းများတွင် ထည့်သွင်းသယ်ဆောင် အသုံးပြုကြသဖြင့်လည်း ခြင်းဖုန်းဟု လူသိများကြသည်။ ။

0 comments: