စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, July 27, 2012

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် အကြီးစားမွမ်းမံပြင်ဆင်မည်




ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်ကို အကြီးစားမွမ်းမံပြင်ဆင်ဖို့ ကြိုးပမ်းနေရာမှာ နိုင်ငံတော် အစိုးရနဲ့ ဆရာကြီးကို ချစ်ခင်ကြည်ညိုလေးစားသူတိုင်း ၀ိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြရန် ဂူဗိမာန် ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က နှိုးဆော်လိုက်ပါတယ်။၂၀၀၈ နာဂစ်မုန်တိုင်းကြောင့်ပျက်စီးခဲ့တဲ့ ဗိမာန်အမိုးနဲ့ အခင်းကြမ်းပြင်တို့ကို ဆရာကြီးကွယ်လွန်ခြင်း ၄၈နှစ်ပြည့်၊ဇူလိုင် ၂၃ရက်မတိုင်မီ ပြင်ဆင်နိုင်ခဲ့ပြီး၊ ဗိမာန်ဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အခုဆက်ပြီး သပ်ရပ်ခန့်ငြားပြီး ထင်ရှားလေးနက်တဲ့ဗိမာန်ဖြစ်ပေါ်ရေး ကြိုးပမ်းနေရာမှာ ငွေကျပ်သိန်းတထောင် လောက်ကုန်ကျနိုင်တာမို့ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့လိုအပ်တဲ့အကြောင်း၊ ဗိမာန်ထိမ်းသိမ်းစောင့် ရှောက်ရေးအဖွဲ့၊ပြန်ကြားရေးတာဝန်ခံ ဦးထွန်းဝင်းငြိမ်းက ပြောပါတယ်။ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှ ဖွဲ့စည်းနိုင်ခဲ့ပြီး ဂူဗိမာန် ရေရှည် တည်တံ့ဖို့ ကြိုးပမ်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဆရာကြီးရဲ့ဂူဗိမာန်ဟာ ရန်ကုန်မြို့၊ ရွှေတိဂုံ ဘုရားလမ်းမှာတည်ရှိပြီး၊ ကုလသမဂအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်၊ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည် တို့ရဲ့ ဂူဗိမာန်တွေနဲ့ ဆက်စပ်တည်ရှိ နေတာလဲ ဖြစ်ပါတယ်။

By: DVB TV News

0 comments: