စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, July 27, 2012

လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနဲ့ မေးမြန်းချက်




မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် တန်းတူ အခွင့်အရေး အပြည့်အ၀ရရှိဖို့ လိုနေသေးတယ်လို့ နေပြည်တော် ပုပ္ဗသီရီ မဲဆန္ဒနယ်မြေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

ဒါပေမဲ့ လက်ရှိလွှတ်တော်မှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေဟာ အရင်ကလို အာဏာပိုင်တွေက တင်မြှောက်တဲ့ သူတွေမဟုတ်ဘဲ လူထု
ကိုယ်တိုင် မဲဆန္ဒတွေနဲ့ ရွေးချယ် တင်မြှောက်ခဲ့တာကြောင့် တိုင်းပြည်ရဲ့ အရေးကိစ္စတွေမှာ ဆိုရင် ကျွမ်းကျင်မှု အလိုက် ဆွေးနွေးတင်ပြနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ် အုပ်ချုပ်မှု အခန်းကဏ္ဍမှာ အမျိုးသမီးတွေဟာ ထိပ်ပိုင်းက ပါဝင်လာမယ်လို့ယုံကြည်ကြောင်း
ဒေါ်စန္ဒာမင်းက ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကျေးရွာ အုပ်ချုပ်ရေးအဆင့်တွေ အတွက် ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ အမျိုးသမီးတွေကို တင်မြှောက်
ပိုင်ခွင့် ရှိမရှိဆိုတဲ့ မေးခွန်း ဆွေးနွေးပြောဆိုခဲ့တာနဲ့ ပတ်သက်လို့
ဒေါ်စန္ဒာမင်းကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။



RFA

0 comments: