စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, July 27, 2012

အထက်ပေါင်းလောင်ဆည် ရေကာတာစီမံကိန်းကြောင့် နစ်နာသူ များပြား...




အထက်ပေါင်းလောင်းဆည် စီမံကိန်းပြီးစီးတော့မှာဖြစ်ပေမယ့် ဆည်စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမယ့် ရွာပေါင်း ၂၃ ရွာက
ဒေသခံပြည်သူ ၈၀၀၀ (ရှစ်ထောင်) ကျော်ကတော့ လုပ်ကိုင် စားစရာမြေနေရာတွေ မရရှိသေးသလို ဆုံးရှုံးရမည့် သူတို့ရဲ့ ဥယာဉ်ခြံမြေတွေ အတွက်လည်း နစ်နာကြေးတွေ မရရှိကြဘူးလို့ သိရပါတယ်။

နေပြည်တော်ကို လျှပ်စစ်ဓါတ်အားပေးဖို့အတွက်ဆိုပြီး ပျဉ်းမနားမြို့ အရှေ့တောင်ဖက် နေပြည်တော်နဲ့ ကီလိုမီတာ ၅၀ ခန့်အကွာမှာ တည်ဆောက်နေတဲ့ အထက်ပေါင်းလောင်ဆည် ရေကာတာစီမံကိန်းကို ၂၀၀၅ ခုနှစ်ကတည်းက ဥရောပ နဲ့ တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံသူတွေနဲ့
မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက်နေတာ အခုဆို ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဆည်ကြောင့်ရေနှစ်မြုပ်မည့် ရွာ ၂၃ ရွာက အိမ်ခြေ ၁၈၀၀ နီးပါးက
ဒေသခံပြည်သူတွေ နေထိုင်နိုင်ဖို့ဆိုပြီး အစိုးရတာဝန် ရှိသူတွေက
ရေလွတ်ရာကုန်းမြင့်တွေမှာ မြေထိုးစက်တွေနဲ့ မြေနေရာတွေ လုပ်ထားပေးပေမယ့် အကြမ်းမျဉ်းလောက်သာ မြေတွေထိုးထားတဲ့
အတွက် ပြောင်းရွှေ့နေထိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ဒေသခံ ဦးပဇင်း တစ်ပါးက အခုလို မိန့်ပါတယ်။

"အာဏာပိုင်ကတော့ အခုဘာမှ မလုပ်ပေးဘူး။ နောက်နှစ်ဆို
ပြောင်းရတော့မယ် လို့ ပြောတယ်၊ အစိုးရကလည်း ရွာ နေရာကို
ရေလွတ်တဲ့နေရာမှာ ကုန်းမှာ အကုန်လုံးထိုးပြီးပြီ၊ မြေနေရာ ထိုးထားတာတောင်မှ တိတိကျကျ မရှိသေးဘူး၊ ကောင်းကောင်းလည်း မဟုတ်သေးဘူး။ လုပ်ကွက် စားကွက်တော့ ဘာမှ မပေးသေးဘူး၊ လုပ်ကွက်မြေနေရာကို ချပေးသင့်ပြီပေါ့၊ ရွှေ့ပြောင်းမယ်ဆိုရင်ကတော့ သူတို့ ဘာမှချမပေးတော့ ရွာသားတွေကတော့ ဒုက္ခရောက်မှာပေါ့။ အခုထိကိုကတော့ နေရာမပေးသေးဘူး။"

ရေကာတာစီမံကိန်းကြောင့် ဖယ်ရှားခံရတော့မယ့်ကျေးရွာတွေမှာ ကယန်းလူမျိုးတွေ အများစုနေထိုင်ကြပြီး မြေပဲ၊ ငရုတ်၊ မိုးစပါး၊ နွေစပါး အပြင် လိမ္မော် နဲ့ လ္ဘက်ပင်တွေကို အဓိက အားထားလုပ်ကိုင်နေကြ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ နှစ်လယ်ပိုင်းမှာ နေပြည်တော် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး လာရောက်ကြည့်ရှု့ခဲ့စဉ်က ရွှေ့ပြောင်းရမယ့်
ဒေသခံပြည်သူတွေကို လျှော်ကြေးငွေ ငါးသောင်းကျပ်စီ ပေးမယ်ဆိုပြီး
ပြောဆိုသွားခဲ့ပေမယ့် ရွာသူရွာသားတွေမှာ အခုချိန်ထိ ဘာလျှော်ကြေးမှ
မရကြတဲ့အပြင် ရေရှည်လုပ်ကိုင်စားသောက်နိုင်ဖို့အတွက်လည်း ဒီနေ့အထိ စီစဉ်ဆောင်ရွက်ပေးတာမရှိဘူးလို့ ရွာဥက္ကဋ္ဌ တစ်ဦးက
ပြောပါတယ်။

"ဘယ်နေ့ ဘယ်ရက် နောက်ဆုံးထားပြီးတော့ ပြောင်းရွှေ့ပေးပါ အဲ့လိုတော့ အော်ဒါတော့ မထွက်သေးဘူးပေါ့။ ဒါပေမယ့် ပြောတဲ့ သဘောအရဆိုရင်တော့ ရွှေ့ပြောင်းဖို့ကတော့ တော်တော်အချိန်နီးနေပြီ၊ နေရာကတော့ သူတို့ ရွာတည်တဲ့နေရာလောက်ပဲ သူတို့ပြထားပေးတယ်၊ ကျန်တဲ့ လယ်အစား ကိုင်းအစားတော့ ဘာမှ နေရာချထားပေးတာ မရှိဘူး၊ လယ်လုပ်လို့ရတဲ့ မြေနှိမ့်ပိုင်းလည်း မရှိတော့ဘူး၊ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲလေးတော့ ရှိတာပေါ့ဗျား၊ အိမ်ဆောက်ဖို့ စာရိတ်တွေဘာတွေ နစ်နာကြေးတွေတော့ အရင်တုန်းကတော့ တအိမ်ကို ငါးသောင်းစီ ချပေးမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ရလည်းမရသေးဘူး။"

ရေကာတာစီမံကိန်းဒေသကို သွားရောက်လေ့လာနေတဲ့ ကယန်း
မျိုးဆက်သစ်လူငယ်အဖွဲ့ခေါင်းဆောင် လွီစီငြိမ်း ကတော့ သူမြင်တွေ့ရတဲ့
အခြေအနေကို အခုလို ပြောဆိုပါတယ်။

"အဲ့ဆည်က နောက်ထပ် လေးငါးပေ တက်ရင် သူက ပြီးသွားပြီ၊ ဒါပေမယ့် တဖက်မှာလည်း သူတို့ ဘာလုပ်ကိုင်စားသောက်ရမလဲဆိုတာ အခုထိ ဘာမှ မရှိသေးဘူးပေါ့နော်။ အဲ့ဒါ အစိုးရဖက်ကနေ ကူညီမှုမရှိဘူး။ အရေးယူ
ဆောင်ရွက်ပေးမှုလည်းမရှိဘူး၊ ရွာသားတွေနဲ့လည်း ညှိနှိုင်းမှုမရှိဘူး၊။ ရွာတွေကလည်း အဓိက အဲ့ဒါကို စိုးရိမ်နေကြတယ်၊ သူတို့ ဘာလုပ်ကိုင်
စားသောက်ရမလဲ သူတို့ဘ၀တော့ ရှိရင်းစွဲအခြေအနေနဲ့ဆိုရင် လုံးဝ
ပျက်စီးသွားတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။"

စစ်တောင်းမြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်း
က ပေါင်းလောင်းမြစ်မှာ တည်ဆောက်နေတဲ့ ဒီရေအားလျှပ်စစ်စီမံကိန်း
ကနေပြီး လျှပ်စစ်ဓါတ်အား ၁၄၀ မီဂါဝပ် ထုတ်လုပ်နိုင်ဖို့ လျာထားတာဖြစ်တယ်လို့ သိရပါတယ်။

RFA

0 comments: